လှော်ကားဥယျာဉ်မှာ တိလေးတွေကို အစားတွေသွားရောက်ကျွေးမွေးကာ အဟာရဒါနအလှူလေးပြုခဲ့တဲ့ ကျော်ကျော်နဲ့ ဆုမြတ်နိုးဦး

Posted on

ပရိသတ်ကြီးရေ ကျော်ကျော်နဲ့ ဆုမြတ်နိုးဦးတို့ သူငယ်ချင်း(၂)ယောက်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် အနုပညာရှင်တွေပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ ကျော်ကျော်နဲ့ ဆုမြတ်နိုးဦးတို့က မွန်မြတ်လှတဲ့ အဟာရဒါနအလှူလေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။

အလှူဒါနလေးကတော့ လှော်ကားဥယျာဉ်မှာကိုသွားရောက်ပြီး လှော်ကားဥယျာဉ်မှာရှိတဲ့ ဘေးမဲ့ တိလေးတွေကို အစာတွေသွားရောက်ကျွေးမွေးခဲ့တဲ့အဟာရဒါနကုသိုလ်လေးပဲဖြစ်ပါတယ်။ အခုလို ကပ်ဘေးတွေကြောင့် ဥယျာဉ်ထဲကို လာရောက်လည်ပတ်သူနည်းပါးနေခဲ့တဲ့အတွက် တိလေးတွေ အစာရေစာရှားပါးနေခဲ့တာကြောင့် တကယ်ကို မွန်မြတ်လှတဲ့ အလှူလေးပဲဖြစ်ပါတယ်။

ကျော်ကျော်ကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ တိလေးတွေကို သွားရောက်အဟာရဒါနပြုခဲ့တဲ့ ဗီဒီယိုလေးကို မျှဝေဖော်ပြထားခဲ့ပါသေးတယ်။ CeleGabar ပရိသတ်ကြီးရေ တိလေးတွေကို အစားကျွေးရတဲ့ပီတိဖြစ်ဖွယ် ဒီဗီဒီယိုလေးကို ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source – Kyaw Kyaw
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Kyaw Kyaw
Chilli – CeleGabar