” မိုးရာသီနဲ့လိုက်ဖက်တဲ့”ဝါဆို ”သီချင်းလေးကို ကိုယ်တိုင်ဂစ်တာတီးခတ်ကာ အသံချိုချိုအေးအေးလေးနဲ့ သီဆိုပြခဲ့တဲ့ အေးမြဖြူရဲ့ဗီဒီယိုဖိုင်”

Posted on

CeleGabar ပရိသတ်ကြီးရေ အေးမြဖြူလေးကတော့ငယ်ငယ်ကတည်းက မြန်မာသံစဉ်တွေကို သင်ကြားသီဆိုလာကာ Myanmar Idol Season (4) မှာ First Runner Up ဆုကို ဆွတ်ခူးနိုင်ခဲ့သူလေးပဲ ဖြစ်ပါတယ်။ အဆိုပိုင်းအပြင် သရုပ်ဆောင်ဘက်မှာလည်းငယ်စဥ်ကတည်းကရင်းနှီးအကျွမ်းတဝင်ရှိသူလေးပါ။

ငယ်စဉ်ကတည်းက ကလေးသရုပ်ဆောင်အဆိုတော်လုပ်လာတဲ့သူမအတွက် ပြိုင်ပွဲပြီးတာနဲ့ အနုပညာအလုပ်တွေက ဆက်တိုက်လုပ်ဆောင်နေခဲ့ပြီး အခုချိန်မှာလည်း အလှူ၊မင်္ဂလာအခမ်းအနားတေဇ်မှာ မြန်မာသံစဥ်တွေသီဆိုဖို့ မကြာမကြာဖိတ်ကြားခံရသူလေးပါ။ သူမရဲ့ချစ်တဲ့ပရိသတ်တွေကတော့ချစ်စနိုးနဲ့မိုးသိုလေးလို့လည်း ခေါ်ဆိုကြပါသေးတယ်။

လတ်တလောမှာသူမရဲ့အနုပညာလှုပ်ရှားမှုတွေခြေလှမ်းကျဲနေတာဖြစ်ပေမယ့် ဒီနေ့မှာတော့ သူမရဲ့ ပရိသတ်တွေနားဆင်နိုင်ဖို့အတွက်ကိုယ်တိုင်ဂစ်တာတီးခတ်ကာ မိုးရာသီနဲ့လိုက်ဖက်တဲ့”ဝါဆို ”သီချင်းလေးကိုသီဆိုခဲ့တာပါ။ အသံအေးအေးကြည်ကြည်လေးနဲ့နားထောင်သူတိုင်း နားဝင်ချိုစေမယ့် သီချင်းလေးကိုတီးခတ်သီဆိုခဲ့တာပါ။ CeleGabarပရိသတ်တွေလည်း မိုးသိုလေးရဲ့ သီချင်းဗီဒီယိုဖိုင်လေးကိုနားဆင်ပြီးသဘောကျရင်တစ်ခုခုပြောခဲ့ပါဦးနော်။

Koe-CeleGabar
Soure -AyeMyaPhyu
ZawgyiFontဖြင့်ဖတ်ရန်

” မိုးရာသီနဲ႔လိုက္ဖက္တဲ့”ဝါဆို ”သီခ်င္းေလးကို ကိုယ္တိုင္ဂစ္တာတီးခတ္ကာ အသံခ်ိဳခ်ိဳေအးေအးေလးနဲ႔ သီဆိုျပခဲ့တဲ့ ေအးျမျဖဴရဲ႕ဗီဒီယိုဖိုင္”

CeleGabar ပရိသတ္ႀကီးေရ ေအးျမျဖဴေလးကေတာ့ငယ္ငယ္ကတည္းက ျမန္မာသံစဥ္ေတြကို သင္ၾကားသီဆိုလာကာ Myanmar Idol Season (4) မွာ First Runner Up ဆုကို ဆြတ္ခူးႏိုင္ခဲ့သူေလးပဲ ျဖစ္ပါတယ္။ အဆိုပိုင္းအျပင္ သ႐ုပ္ေဆာင္ဘက္မွာလည္းငယ္စဥ္ကတည္းကရင္းႏွီးအကြၽမ္းတဝင္ရွိသူေလးပါ။


ငယ္စဥ္ကတည္းက ကေလးသ႐ုပ္ေဆာင္အဆိုေတာ္လုပ္လာတဲ့သူမအတြက္ ၿပိဳင္ပြဲၿပီးတာနဲ႔ အႏုပညာအလုပ္ေတြက ဆက္တိုက္လုပ္ေဆာင္ေနခဲ့ၿပီး အခုခ်ိန္မွာလည္း အလႉ၊မဂၤလာအခမ္းအနားေတဇ္မွာ ျမန္မာသံစဥ္ေတြသီဆိုဖို႔ မၾကာမၾကာဖိတ္ၾကားခံရသူေလးပါ။ သူမရဲ႕ခ်စ္တဲ့ပရိသတ္ေတြကေတာ့ခ်စ္စႏိုးနဲ႔မိုးသိုေလးလို႔လည္း ေခၚဆိုၾကပါေသးတယ္။

လတ္တေလာမွာသူမရဲ႕အႏုပညာလႈပ္ရွားမႈေတြေျခလွမ္းက်ဲေနတာျဖစ္ေပမယ့္ ဒီေန႔မွာေတာ့ သူမရဲ႕ ပရိသတ္ေတြနားဆင္ႏိုင္ဖို႔အတြက္ကိုယ္တိုင္ဂစ္တာတီးခတ္ကာ မိုးရာသီနဲ႔လိုက္ဖက္တဲ့”ဝါဆို ”သီခ်င္းေလးကိုသီဆိုခဲ့တာပါ။ အသံေအးေအးၾကည္ၾကည္ေလးနဲ႔နားေထာင္သူတိုင္း နားဝင္ခ်ိဳေစမယ့္ သီခ်င္းေလးကိုတီးခတ္သီဆိုခဲ့တာပါ။ CeleGabarပရိသတ္ေတြလည္း မိုးသိုေလးရဲ႕ သီခ်င္းဗီဒီယိုဖိုင္ေလးကိုနားဆင္ၿပီးသေဘာက်ရင္တစ္ခုခုေျပာခဲ့ပါဦးေနာ္။

Koe-CeleGabar
Soure -AyeMyaPhyu