ပရိသတ်ကြီးရေ စိုးပြည့်သဇင်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။ အသက်ငယ်ငယ်နဲ့ အကယ်ဒမီဆုကြီးကိုလည်း ရရှိထားတဲ့ အထိကို အနုပညာမှာ ထူးချွန်လှတဲ့ သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်အခိုင်အမာရရှိထားတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။
ဒီနေ့မေလ (၃၁)ရက်နေ့မှာတော့ စိုးပြည့်သဇင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ပုံလေးတချို့ကို မျှဝေဖော်ပြလာခဲ့ပါတယ်။ ဆယ်ကျော်သက်အစပိုင်းအရွယ်ကတည်းက သရုပ်ဆောင်မင်းသမီးလေးတစ်ယောက်အဖြစ်အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်ခဲ့တဲ့ စိုးပြည့်သဇင်ကတော့ သူ့ရဲ့မင်းသမီးစဖြစ်ခါစ ငယ်ဘဝကပုံလေးတွေကို အမှတ်တရအနေနဲ့ ပြန်လည်မျှဝေခဲ့တာပဲဖြစ်ပါတယ်။
စိုးပြည့်ကလည်း အမှတ်တရသိမ်းတဲ့အနေနဲ့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ အခုလို တင်တာဖြစ်ကြောင်းလည်း ရေးသားမျှဝေထားခဲ့ပါတယ်။ CeleGabar ပရိသတ်ကြီးတွေထဲက မင်းသမီးပေါက်စ စဖြစ်ချိန်က စိုးပြည့်ရဲ့ုံလေးတွေကို မတွေ့ဖူးသေးတဲ့ ပရိသတ်တွေအတွက် ပြန်လည်ဝေမျှဖော်ပြပေးလိုက်ပါတယ်နော်။
Source – Soe Pyae Thazin
Chilli – CeleGabar
-Zawgyi Font ဖြင့် ဖတ်ရန်-
မင်းသမီးစဖြစ်ခါစက ပုံလေးတွေကို အမှတ်တရအနေနဲ့ မျှဝေလာခဲ့တဲ့ စိုးပြည့်သဇင်
Source – Soe Pyae Thazin
Chilli – CeleGabar