ဒီနေ့မှာပဲ အသက်(၅၃) နှစ်ပြည့်သွားပြီဖြစ်တဲ့ ပရိသတ်ရဲ့အချစ်တော် ဂျွန်လွင်

Posted on

ဒီနေ့ဇူလိုင်လ(၁၅) ရက်နေ့လေးကတော့မြန်မာနိုင်ငံမှာ အောင်မြင်တဲ့အနုပညာရှင်များစွာကို မွေးထုတ်ပေးခဲ့တဲ့ မော်ဒယ်လ်ဖခင်ကြီးဂျွန်လွင်ရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ ဂျွန်လွင်ကတော့ ဒီနေ့မှာ အသက်(၅၃) နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး ဒီနှစ်မှာ တန်ဖိုးကြီးမားတဲ့ လက်ဆောင် ဒေါ်လာတစ်သောင်းရခဲ့တာမို့ သူ့ဘဝတစ်သက်တာလုံးမှာ ကံအကောင်းဆုံးမွေးနေ့လေးဆိုရင်လည်း မမှားပါဘူး။

မွေးနေ့အလှူအနေနဲ့ မိသားစုဝင်တွေနဲ့ စုပေါင်းပြီး သူ့ကိုယ်ပိုင်အလှူငွေသိန်း(၁၅၀) ပါဝင်ကာ ရှင်ဥပဂုတ္တရဟန္တာအရှင်မြတ်ကျောင်းဆောင်ကို လှူဒါန်းခဲ့ပြီး လွန်ခဲ့တဲ့ရက်ပိုင်းက ရေစက်ချအမျှပေးဝေခဲ့ပါတယ်။ အဲ့ဒီအလှူပွဲမှာလည်း စိန်လက်စွပ်၊ စိန်နားကပ်၊ အမေရိကန်ဒေါ်လာ၊ ထိုင်းဘတ်ငွေ၊ မြန်မာကျပ်ငွေတို့ကို ရွှေမိုးငွေမိုးရွာသွန်းပြီးလည်း လှူဒါန်းခဲ့ပါသေးတယ်။ ဂျွန်လွင်ကတော့ အသက်(၅၃) နှစ်မွေးနေ့ကစပြီး ” အသက်တစ်နှစ်ပြီး တစ်နှစ်ကြီးလာတဲ့အခါကိုယ့်ဘဝအတွက် ဘာတွေပြင်ဆင်ပြီး သံသရာကောင်းဖို့ အများအကျိုးသယ်ပိုးရင်း နောက်သံသရာကို ယူဆောင်သွားသင့်တဲ့ ကုသိုလ်ထူးတွေကိုသာ အစပျိုးယူဆောင်သွားမယ်လို့ စဉ်းစားရင်းနဲ့ အသက် (၅၃) နှစ်ပြည့်ချိန်မှစပြီး အသက် (၅၂) နှစ်နှင့်မတူတော့တဲ့ ဂျွန်လွင်အဖြစ် နေထိုင်ရပ်တည်သွားမယ်လို့ စဉ်းစားဆုံးဖြတ်ထားပြီးဖြစ်ပါတယ်” ဆိုပြီးတော့လည်း ဒီထက်မက အများကောင်းကျိုးသယ်ပိုးသွားပါမယ်ဆိုပြီးတော့လည်း ရေးသားမျှဝေခဲ့ပါသေးတယ် ပရိသတ်ကြီးရေ..

အကြင်နာတရားထွန်းကားရေး ဆောင်ပုဒ်ကို လက်ကိုင်ထားကာ လိုအပ်နေတဲ့နေရာတိုင်းကို လက်မနှေးကူညီနေသူ ဂျွန်လွင်တစ်ယောက် ဒီနေ့ကျရောက်တဲ့မွေးနေ့ကစပြီး ဒီထက်မက လူချစ်လူခင်ပေါများပြီး စိတ်ရှိတိုင်း လှူဒါန်းနိုင်ပါစေလို့ ဆယ်လီကမ္ဘာမှ ဆုတောင်းပေးလိုက်ပါတယ်နော်။


Source – John Lwin
Rainbow- Cele Gabar