ကိုရီးယားသီချင်းတွေကိုတောင် လိုက်ဆိုနိုင်နေတဲ့ သမီးလေးကို ကြည့်ပြီး သဘောတွေကျနေခဲ့တဲ့ မြတ်ရတနာကျော်

Posted on

ပရိသတ်ကြီးရေ Scarlett လေးကတော့ ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော် Ah Boy နဲ့ မော်ဒယ်လ် မင်းသမီးချောလေး မြတ်ရတနာကျော်တို့ ရဲ့ သမီးလေးပဲဖြစ်ပါတယ်။ ဖေဖေမေမေတို့ရဲ့ အချောတွေကို ရရှိထားတာကြောင့် ချစ်စရာကောင်းလှတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။

ချစ်စရာကောင်းလှတဲ့ Scarlettလေးကတော့ အခုဆိုရင် ကိုရီးယားသီချင်းတွေကိုတောင် လိုက်ဆိုတတ်နေပြီပဲဖြစ်ပါတယ်။ မေမေမြတ်ရတနာကျော်ကတော့ သမီးလေး Scarlettရဲ့ ချစ်စရာကောင်းလောက်အောင် သီချင်းတွေလိုက်ဆိုနေတာကိုကြည့်ပြီး သဘောကျတာကြောင့် ဗီဒီယိုလေးရိုက်ကူးပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။

ဗီဒီယိုလေးနဲ့အတူလည်း “သူ့အမေတောင် သူ့လောက်အလွတ်မရဘူး” ဆိုပြီးတော့လည်း သဘောကျနေစွာနဲ့ ရေးသားမျှဝေထာခဲ့ပါတယ်။ CeleGabar ပရိသတ်ကြီးရေ ချစ်စရာကောင်းလှတဲ့ Scarlett ရဲ့ ဗီဒီယိုလေးကို ပရိသတ်တွေအတွက်လည်း ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source – Scarlett Phyo Tun, Myat Yadanar Kyaw
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Chilli – CeleGabar