ခန့်စည်သူကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ ခန့်စည်သူက အနုပညာအလုပ်တွေကိုလုပ်ကိုင်ရင်း အလှူအတန်းတွေကိုလည်း အားတက်သရောလုပ်ကိုင်နေတာကြောင့် ပရိသတ်တွေ ချီးကျူနေခဲ့ရတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။
လတ်တလောမှာလည်း ခန့်စည်သူက ဝါတွင်းကာလ မြန်မာလူမျိုးတွေရဲ့ ဓလေ့ထုံးစံတစ်ခုဖြစ်တဲ့ ဝါဆိုသင်္ကန်းကပ်လှူတဲ့ အလှူလေးကို ပြုလုပ်ခဲ့ပါတယ်။ ဝါဆိုသင်္ကန်းကပ်အလှူလေးကိုတော့ သစ်တံခါးဆရာတော်ဘုရားကြီးရဲ့ ကျောင်းတိုက်မှာပြုလုပ်ခဲ့တာဖြစ်ပြီး အလှူလေးပြုလုပ်ခဲ့တဲ့ ကုသိုလ်အဖို့ဘာဂကို ပရိသတ်တွေလည်း ထပ်တူထပ်မျှအမျှရစေဖို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြထားတာပဲဖြစ်ပါတယ်။
CeleGabar ပရိသတ်ကြီးတွေလည်း ခန့်စည်သူရဲ့ ဝါဆိုသင်္ကန်းကပ်အလှူလေးကို ထပ်တူထပ်မျှ သာဓုခေါ်ဆိုလို့ရအောင် CeleGabar ကနေပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်။ CeleGabar ပရိသတ်ကြီးတွေလည်း ခန့်စည်သူရဲ့အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။
Chilli – CeleGabar
Source – Kyaw Soe Win