” ကျန်းမာရေးမကောင်းတဲ့ခင်ပွန်းကို ပန်းရောင်းကာရှာကျွေးနေတဲ့အဘွားအိုအား လမ်းကြုံလှူဒါန်းကူညီပေးခဲ့တဲ့ မိုးစက် ”

Posted on

CeleGabarပရိသတ်ကြီးရေ မိုးစက်နဲ့ဦးမိုးဒီကတော့အတွဲညီစွာကြော်ငြာလေးတွေရိုက်ကူးလျက် ခက်ခဲနေတဲ့အဘိုးအဘွားတွေကိုလည်းကူညီလျက်ရှိတာပါ။ လတ်တလောမှာလည်း အလုပ်ကိစ္စနဲ့ခရီးထွက်နေရင်းလှူဒါန်းဖြစ်ခဲ့တဲ့ အလှူလေးကို ပရိသတ်အလှူရှင်တွေ ကုသိုလ်ရစေဖို့ပြောပြလာခဲ့တာပါ။


“လွန်ခဲ့တဲ့ (၂)ရက်ခန့်ကရန်ကုန်..မန္တလေး အမြန်လမ်းမကြီးမိတ္ထီလာ (သီးကုန်းယာဉ်ရပ်နားစခန်း)အရောက်မှာမနက်စာ ဝင်စားကြတယ်ပေါ့ ။ကားထွက်ခါနီးမှာ အဖွားအိုတစ်ဦး တုန်တုန်ရီရီနဲ့ စျေးရောင်းဖို့ရောက်လာလေတော့ ထုံးစံအတိုင်း စပ်စုမေးမြန်းကြည့်တာပေါ့ဗျာ။ဖွားဖွား အသက် က ဘယ်လောက်တောင်ရှိပြီလဲ..”(၇၇)နှစ်ပါ …”“ဒါဆို ဖေကြီးဦးမိုးဒီ ထပ် (၂)နှစ်ဘဲ ကြီးတာပေါ့..”အဲ့ဒါဆိုရင်တော့ မမရဲ့ မောင်လေးဘဲ…”ဖေကြီးဦးမိုးဒီကလဲ ဖွားဖွားပြုံးသွားအောင်စနောက်လိုက်သေးတယ်ဗျ ။😁❤️ဖွားဖွား တစ်ယောက်ထဲ လာရောင်းတာလား..”ဟုတ်ပါတယ် မြွေရွာ ကနေ ဆိုင်ကယ် ကယ်ရီ နဲ့ စျေးလာရောင်းတာပါ…”

“ဒါတွေရောင်းဖို့ စီစဉ်ပေးတာက ရော…”အိမ်မှာ အဖိုးကြီး ရှိတယ်လေ သူက အသက်(၈၀) ၊ကျန်းမာရေးတော့ သိပ်မကောင်းဘူး ၊ ဒါလေးတွေရောင်းဖို့တော့ စီစဉ်ပေးတယ်…”ဟုတ်လား ဒါဆိုရင် အဖိုးနဲ့ ဖွားဖွား နှစ်ယောက်ထဲပေါ့…”ဟုတ်ပါတယ်…”ပန်းလေးတွေရော ဘယ်လိုရောင်းလဲ ဖွားဖွား..”
ဒါလေးတွေက အိမ်က ပန်းလေးတွေပါကိုယ်တိုင်သီထားတာပေါ့…(၁၀၀၀)ဘဲ ပေးပါနော်…”
ဟုတ်ကဲ့ပါ ဖွားဖွား ၊သံပရာသီး (၁၀၀၀)ဖိုး၊ပန်း(၁၀၀၀)ဖိုး ၊ငုံးဥပြုတ် (၁၀၀၀)ဖိုး ရော့ ဖွားဖွား စုစုပေါင်း တစ်သိန်းကျပ်…”

“ဟာ..ပိုက်ဆံတွေက အများကြီးဘဲတစ်ခါမှ ဒီလောက်မရဖူးဘူးအလွန်ဆုံး ၂သောင်းလောက် တော့ ရဖူးတယ်ကျေးဇူးတင်ပါတယ် သားရယ်…”“ကဲ အစ်မ စောစောနားပြီး ပြန်လိုက်တော့နော်..”
ဖေကြီးဦးမိုးဒီ လဲ ဖွားဖွားကို နားဖို့နဲ့အားပေးစကားတွေပြောပြီး ကားပေါ်ကို တတ်လာခဲ့ကြပါတယ်။ကားမထွက်ခင်အထိ ဖွားဖွားရဲ့ ဝမ်းသာပျော်ရွှင်နေတဲ့အကြည့်တွေနဲ့ လက်ပြနှုတ်ဆက်ကျန်ခဲ့တဲ့အပြုံးလေးက ဝမ်းသာဝမ်းနည်းကြီး ဖြစ်ရတာပေါ့ဗျာ။အခုလိုအဖိုးအဖွားစျေးသည်တွေ လှူဒါန်းခွင့်ရအောင်ကျွန်တော်နဲ့အတူ ပူးပေါင်းပါဝင်ပေးကြတဲ့အလှူရှင်များကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။🙏🙏🙏သီးကုန်းရောက်လို့ ဖွားဖွားကို မြင်တွေ့ရင်အားပေးကြပါဦးနော် ။ဖွားဖွား နာမည်က ဒေါ်ခင်နု တဲ့ ။❤️”ဆိုတဲ့စာလေးနဲ့ဖော်ပြခဲ့တာပါ။ မိုးစက်ရဲ့အလှူ​ကုသိုလ်လေးတွေဖတ်ရတိုင်းကြည်နူးဝမ်းသာမိကြတယ်ဆိုရင် သာဓုခေါ်ခဲ့ကြပါဦးCeleGabarပရိသတ်ကြီးရေ။

Koe-CeleGabar
Soure – MoeSat
ZawgyiFontဖြင့်ဖတ်ရန်\

” က်န္းမာေရးမေကာင္းတဲ့ခင္ပြန္းကို ပန္းေရာင္းကာရွာေကြၽးေနတဲ့အဘြားအိုအား လမ္းႀကဳံလႉဒါန္းကူညီေပးခဲ့တဲ့ မိုးစက္ ”

CeleGabarပရိသတ္ႀကီးေရ မိုးစက္နဲ႔ဦးမိုးဒီကေတာ့အတြဲညီစြာေၾကာ္ျငာေလးေတြ႐ိုက္ကူးလ်က္ ခက္ခဲေနတဲ့အဘိုးအဘြားေတြကိုလည္းကူညီလ်က္ရွိတာပါ။ လတ္တေလာမွာလည္း အလုပ္ကိစၥနဲ႔ခရီးထြက္ေနရင္းလႉဒါန္းျဖစ္ခဲ့တဲ့ အလႉေလးကို ပရိသတ္အလႉရွင္ေတြ ကုသိုလ္ရေစဖို႔ေျပာျပလာခဲ့တာပါ။

“လြန္ခဲ့တဲ့ (၂)ရက္ခန္႔က ရန္ကုန္..မႏၲေလး အျမန္လမ္းမႀကီး မိတၳီလာ (သီးကုန္းယာဥ္ရပ္နားစခန္း)အေရာက္မွာ
မနက္စာ ဝင္စားၾကတယ္ေပါ့ ။ကားထြက္ခါနီးမွာ အဖြားအိုတစ္ဦး တုန္တုန္ရီရီနဲ႔ ေစ်းေရာင္းဖို႔ေရာက္လာေလေတာ့ ထုံးစံအတိုင္း စပ္စုေမးျမန္းၾကည့္တာေပါ့ဗ်ာ။ဖြားဖြား အသက္ က ဘယ္ေလာက္ေတာင္ရွိၿပီလဲ..”(၇၇)ႏွစ္ပါ …”“ဒါဆို ေဖႀကီးဦးမိုးဒီ ထပ္ (၂)ႏွစ္ဘဲ ႀကီးတာေပါ့..”အဲ့ဒါဆိုရင္ေတာ့ မမရဲ႕ ေမာင္ေလးဘဲ…”
ေဖႀကီးဦးမိုးဒီကလဲ ဖြားဖြားၿပဳံးသြားေအာင္
စေနာက္လိုက္ေသးတယ္ဗ် ။😁❤️ဖြားဖြား တစ္ေယာက္ထဲ လာေရာင္းတာလား..”ဟုတ္ပါတယ္ ေႁမြ႐ြာ ကေန ဆိုင္ကယ္ ကယ္ရီ နဲ႔ ေစ်းလာေရာင္းတာပါ…”

“ဒါေတြေရာင္းဖို႔ စီစဥ္ေပးတာက ေရာ…”အိမ္မွာ အဖိုးႀကီး ရွိတယ္ေလ သူက အသက္(၈၀) ၊က်န္းမာေရးေတာ့ သိပ္မေကာင္းဘူး ၊ ဒါေလးေတြေရာင္းဖို႔ေတာ့ စီစဥ္ေပးတယ္…”ဟုတ္လား ဒါဆိုရင္ အဖိုးနဲ႔ ဖြားဖြား ႏွစ္ေယာက္ထဲေပါ့…”ဟုတ္ပါတယ္…”ပန္းေလးေတြေရာ ဘယ္လိုေရာင္းလဲ ဖြားဖြား..”ဒါေလးေတြက အိမ္က ပန္းေလးေတြပါ ကိုယ္တိုင္သီထားတာေပါ့…(၁၀၀၀)ဘဲ ေပးပါေနာ္…”ဟုတ္ကဲ့ပါ ဖြားဖြား ၊သံပရာသီး (၁၀၀၀)ဖိုး၊ပန္း(၁၀၀၀)ဖိုး ၊ငုံးဥျပဳတ္ (၁၀၀၀)ဖိုး ေရာ့ ဖြားဖြား စုစုေပါင္း တစ္သိန္းက်ပ္…”


“ဟာ..ပိုက္ဆံေတြက အမ်ားႀကီးဘဲတစ္ခါမွ ဒီေလာက္မရဖူးဘူးအလြန္ဆုံး ၂ေသာင္းေလာက္ ေတာ့ ရဖူးတယ္ေက်းဇူးတင္ပါတယ္ သားရယ္…”“ကဲ အစ္မ ေစာေစာနားၿပီး ျပန္လိုက္ေတာ့ေနာ္..”ေဖႀကီးဦးမိုးဒီ လဲ ဖြားဖြားကို နားဖို႔နဲ႔ အားေပးစကားေတြေျပာၿပီး ကားေပၚကို တတ္လာခဲ့ၾကပါတယ္။ကားမထြက္ခင္အထိ ဖြားဖြားရဲ႕ ဝမ္းသာေပ်ာ္႐ႊင္ေနတဲ့အၾကည့္ေတြနဲ႔ လက္ျပႏႈတ္ဆက္က်န္ခဲ့တဲ့အၿပဳံးေလးက ဝမ္းသာဝမ္းနည္းႀကီး ျဖစ္ရတာေပါ့ဗ်ာ။အခုလိုအဖိုးအဖြားေစ်းသည္ေတြ လႉဒါန္းခြင့္ရေအာင္ကြၽန္ေတာ္နဲ႔အတူ ပူးေပါင္းပါဝင္ေပးၾကတဲ့အလႉရွင္မ်ားကို ေက်းဇူးတင္ပါတယ္ခင္ဗ်ာ။🙏🙏🙏သီးကုန္းေရာက္လို႔ ဖြားဖြားကို ျမင္ေတြ႕ရင္အားေပးၾကပါဦးေနာ္ ။ဖြားဖြား နာမည္က ေဒၚခင္ႏု တဲ့ ။❤️”ဆိုတဲ့စာေလးနဲ႔ေဖာ္ျပခဲ့တာပါ။ မိုးစက္ရဲ႕အလႉ​ကုသိုလ္ေလးေတြဖတ္ရတိုင္းၾကည္ႏူးဝမ္းသာမိၾကတယ္ဆိုရင္ သာဓုေခၚခဲ့ၾကပါဦးCeleGabarပရိသတ္ႀကီးေရ။

Koe-CeleGabar
Soure – MoeSat