“သရဖူဇာတ်လမ်းတွဲအပြီးမှာ ရိုစီ ဇာတ်ကောင်လေးကိုပရိသတ်ကလက်ခံပေးခဲ့အတွက် ကြိုးစားခဲ့ရကျိုးနပ်ခဲ့ကြောင်း ဝမ်းသာစွာ နှုတ်ဆက်စကားဆိုခဲ့တဲ့ သံသာညီ”
Posted on
CeleGabar ပရိသတ်ကြီးရေ သံသာညီကတော့ နွေလယ်ညရဲ့ လမင်းဇာတ်လမ်းတွဲမှာ ဖူးဝေ ဆိုတဲ့ ရိုးရိုးအေးအေးဇာတ်ကောင်လေးကိုခြူးလေးနဲ့ အတူ တွဲဖက်ကာ ပရိသတ်တွေအကြိုက်တေ​ွ့အောင်ထိထိမိမိပုံဖော်ခဲ့ပြီးနောက်မှာ သရဖူဇာတ်လမ်းတွဲမှာလည်း ဆန့်ကျင်ဘက် ကာရိုက်တာပုံစံနဲ့အတူ ခြူးလေးနဲ့ပဲ ထပ်မံ တွဲဖက်သရုပ်ဆောင်ခဲ့ပြန်တာပါ။
အစပိုင်းမှာ ရိုစီကာရိုက်တာကိုလူအမြင်ကပ်အောင် ထိထိမိမိအပိုအလိုမရှိသရုပ်ဆောင်သွားနိုင်ခဲ့တဲ့ သံသာကိုတော့ပရိသတ်တွေမချီးကျူးပဲမနေနိုင်ခဲ့ကြပါဘူးနော်။ ဒီနေ့မှာတော့သရဖူဇာတ်လမ်းတွဲလေးဇာတ်သိမ်းခဲ့ပြီဖြစ်တာကြောင့် အခုလိုပဲနှုတ်ဆက်စကားဆိုလာခဲ့တာပါ။
“အမှတ်တရများစွာနဲ့ သရဖူ👑 ပြီးပါပြီ။ပထမဦးစွာ ရိုစီဆိုပီးဖြစ်လာအောင် ရွေးချယ်ပီး ကြိုးစားဖို့အခွင့်ရေးပေးခဲ့တာမလို့ အခုလိုကြိုးစားပြခွင့်ရခဲ့တာပါ အဲ့တာကြောင့် တာဝန်ရှိတဲ့သူတွေနဲ့ သက်ဆိုင်ရာလူကြီးများအားလုံးကို ကျေးဇူးတင်ရှိပါတယ် 🙏🏻သေချာကြိုးစားအားထုတ်ပီးရိုက်ခဲ့ရတဲ့ဇာတ်ကောင်လေးမလို့အမြဲအမှတ်တရရှိနေမာပါ 🥰ရိုစီ ဇာတ်ကောင်လေးကိုပရိတ်သတ်လက်ခံပေးခဲ့တဲ့အတွက်လဲ ကြိုးစားရကြိုးနပ်ပါတယ် 🥰ဒိထပ်မကကြိုးစားပီး နောက်ထပ်မတူမတူနဲ့ ဇာတ်ရုပ်တွေနဲ့ပြန်လာခဲ့ပါ့မယ် 🙏🏻သရဖူအဖွဲ့သားများအားလုံးကို ကျေးဇူးအထူးတင်ပါတယ်👑🙏🏻❤️#သရဖူ #ရိုစီ”ဆိုကာ ကျေးဇူးတင်နှုတ်ဆက်စကားဆိုလါခဲ့တာပါ။CeleGabarပရိသတ်တွေကော ရိုစီ ကာရိုက်လေးကို သဘောကျကြရဲ့လားဆိူတာ မှတ်ချက်ပေးခဲ့ပါဦးနော်။
Koe- CeleGabar
Source-Than Thar Nyi
ZawgyiFontဖြင့်ဖတ်ရန်
CeleGabar ပရိသတ်ကြီးရေ သံသာညီကတော့ နွေလယ်ညရဲ့ လမင်းဇာတ်လမ်းတွဲမှာ ဖူးဝေ ဆိုတဲ့ ရိုးရိုးအေးအေးဇာတ်ကောင်လေးကိုခြူးလေးနဲ့ အတူ တွဲဖက်ကာ ပရိသတ်တွေအကြိုက်တွေ့အောင်ထိထိမိမိပုံဖော်ခဲ့ပြီးနောက်မှာ သရဖူဇာတ်လမ်းတွဲမှာလည်း ဆန့်ကျင်ဘက် ကာရိုက်တာပုံစံနဲ့အတူ ခြူးလေးနဲ့ပဲ ထပ်မံ တွဲဖက်သရုပ်ဆောင်ခဲ့ပြန်တာပါ။
ချက်ပေးခဲ့ပါဦးနော်။
Koe- CeleGabar
Source-Than Thar Nyi