သူငယ်ချင်းဖြစ်သူ နန်းမြတ်ရဲ့ မွေးနေ့လေးကို သူငယ်ချင်းနှစ်ယောက်တူတူရိုက်ကူးထားတဲ့ပုံလေးနဲ့ မွေးနေ့ဆုတောင်းပေးခဲ့တဲ့ နန်းသူဇာ

Posted on

ပရိသတ်ကြီးရေ ဒီနေ့ ဇွန်လ (၂)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့ အချစ်တော်နန်းမြတ်ဖြိုးသင်းရဲ့ မွေးနေ့ရက်မြတ်ကျရောက်တဲ့ နေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ နန်းမြတ်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။

နန်းမြတ်ရဲ့ ဒီနေ့ကျရောက်တဲ့ မွေးနေ့လေးအတွက်ကိုတော့ ပရိသတ်တွေရော ချစ်ကြတဲ့ အနုပညာရှင်တွေကပါမွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးခဲ့ကြပါတယ်။ နန်းမြတ်ရဲ့ သူငယ်ချင်းဖြစ်သူ နန်းသူဇာကလည်း ဒီနေ့မှာကျရောက်တဲ့ သူငယ်ချင်းဖြစ်သူရဲ့ မွေးနေ့လေးအတွက်ကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “Happy Birthday Nann Myat” ဆိုပြီးမွေးနေ့ဆုတောင်းပေးထားခဲ့ပါတယ်။

သူငယ်ချင်း(၂)ယောက်အတူတူ အမှတ်တရရိုက်ကူးထားခဲ့တဲ့ ပုံလေးကိုလည်း မွေးနေ့ဆုတောင်းလေးနဲ့အတူ မျှဝေဖော်ပြထားခဲ့ပါသေးတယ်။ CeleGabar ပရိသတ်ကြီးတွေလည်း နန်းမြတ်ရဲ့ မွေးနေ့အတွက် မွေးနေဆုမွန်ကောင်းလေးတွေဆုတောင်းပေးခဲ့ကြပါဦးနော်။

Source – Nan ThuZar
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Nan ThuZar
Chilli – CeleGabar