မိခင်ဖြစ်သူ သီလရှင်ဝတ်မယ့်ကျောင်းမှာ ကျောင်းဆောင်ဆောက်လုပ်ဖို့ အလှူငွေတွေလှူဒါန်းခဲ့တဲ့ ထက်အဉ္ဇလီ

Posted on

ပရိသတ်ကြီးရေ ထက်အဉ္ဇလီကတော့ မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြာ့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ အောင်မြင်တဲ့ အဆိုတော်တစ်ယောက်အနေနဲ့လည်း ရပ်တည်နေခဲ့ပါတယ်။

မကြာသေးခင်ကထွက်ရှိခဲ့တဲ့ ထက်အဉ္ဇလီရဲ့ “အမကြီးအမအရာ” ဆိုတဲ့ သီချင်းလေးကလည်း တော်တော်လေးကို ပေါက်ခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ခဲ့ပါသေးတယ်။ မနေ့ကဇွန်လ (၁)ရက်နေ့မှာတော့ ထက်အဉ္ဇလီက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မွန်မြတ်လှတဲ့ အလှူလေးတစ်ခုပြုလုပ်ခဲ့ကြောင်း ရေးသားမျှဝေဖော်ပြလာခဲ့ပါတယ်။အလှူလေးကတော့ သူ့ရဲ့မိခင်ဖြစ်သူ ဝါတွင်း (၃)လလုံး သီလရှင်ဝတ်မယ့် ကျောင်းမှာ ကျောင်းဆောင်ဆောက်လုပ်ဖို့အတွက် အလှူငွေ (၁၀)သိန်းကျပ်ကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

ဒါ့အပြင်လည်း ကျောင်းမှာရှိတဲ့ သီလရှင်ဆရာလေးတွေကိုလည်း သစ်သီးနဲ့ အအေးတွေလည်း မိခင်ကြီးနဲ့အတူ ဆပ်ကပ်လှူဒါန်းခဲ့ပါသေးတယ်တဲ့ ။ CeleGabar ပရိသတ်ကြီးရေ ထက်အဉ္ဇလီရဲ့ မွန်မြတ်လှတဲ့ အလှူလေးကို ပရိသတ်တွေလည်း သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Htet Inzali Wint
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-

မိခင္ျဖစ္သူ သီလရွင္ဝတ္မယ့္ေက်ာင္းမွာ ေက်ာင္းေဆာင္ေဆာက္လုပ္ဖို႕ အလွဴေငြေတြလွဴဒါန္းခဲ့တဲ့ ထက္အၪၨလီ

ပရိသတ္ႀကီးေရ ထက္အၪၨလီကေတာ့ ျမန္မာအိုင္ေဒါ သီခ်င္းဆိုၿပိဳင္ပြဲႀကီးမွာ ပါဝင္ယွဥ္ၿပိဳင္ခဲ့ၿပီး ပရိသတ္ေတြရဲ႕ ခ်စ္ခင္မႈကို အျပာ့္အဝရရွိထားတဲ့ ပရိသတ္အခ်စ္ေတာ္ အဆိုေတာ္တစ္ေယာက္ပဲျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ေအာင္ျမင္တဲ့ အဆိုေတာ္တစ္ေယာက္အေနနဲ႔လည္း ရပ္တည္ေနခဲ့ပါတယ္။

မၾကာေသးခင္ကထြက္ရွိခဲ့တဲ့ ထက္အၪၨလီရဲ႕ “အမႀကီးအမအရာ” ဆိုတဲ့ သီခ်င္းေလးကလည္း ေတာ္ေတာ္ေလးကို ေပါက္ခဲ့တဲ့ သီခ်င္းတစ္ပုဒ္ျဖစ္ခဲ့ပါေသးတယ္။ မေန႔ကဇြန္လ (၁)ရက္ေန႔မွာေတာ့ ထက္အၪၨလီက သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန မြန္ျမတ္လွတဲ့ အလႉေလးတစ္ခုျပဳလုပ္ခဲ့ေၾကာင္း ေရးသားမွ်ေဝေဖာ္ျပလာခဲ့ပါတယ္။အလႉေလးကေတာ့ သူ႔ရဲ႕မိခင္ျဖစ္သူ ဝါတြင္း (၃)လလုံး သီလရွင္ဝတ္မယ့္ ေက်ာင္းမွာ ေက်ာင္းေဆာင္ေဆာက္လုပ္ဖို႔အတြက္ အလႉေငြ (၁၀)သိန္းက်ပ္ကို လႉဒါန္းေပးခဲ့တာပဲျဖစ္ပါတယ္။

ဒါ့အျပင္လည္း ေက်ာင္းမွာရွိတဲ့ သီလရွင္ဆရာေလးေတြကိုလည္း သစ္သီးနဲ႔ အေအးေတြလည္း မိခင္ႀကီးနဲ႔အတူ ဆပ္ကပ္လႉဒါန္းခဲ့ပါေသးတယ္တဲ့ ။ CeleGabar ပရိသတ္ႀကီးေရ ထက္အၪၨလီရဲ႕ မြန္ျမတ္လွတဲ့ အလႉေလးကို ပရိသတ္ေတြလည္း သာဓုေခၚဆိုေပးခဲ့ၾကပါဦးေနာ္။

Source – Htet Inzali Wint
Chilli – CeleGabar