သားရယ်သမီးရယ်နဲ့အတူ မွေးနေ့မှာ ဘုရားသွားခဲ့တဲ့ ပုံလေးတွေကို မျှဝေလာခဲ့တဲ့ နန်းမြတ်ဖြိုးသင်း

Posted on

ပရိသတ်ကြီးရေ နန်းမြတ်ဖြိုးသင်းကတော့ ပရိသတ်တွေရဲ့ချစ်ခင်မှုကို အပြည့်အဝရှရိထားတဲ့ ပရိသတ်အချစ်တော် အဆိုတော် မော်ဒယ်လ် သရုပ်ဆောင် မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။ ဒီနေ့ ဇွန်လ (၂)ရက်နေ့လေးကတော့ နန်းမြတ်ရဲ့ မွေးနေ့ရက်မြတ်ကျရောက်တဲ့ နေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။

နန်းမြတ်ရဲ့ ဒီနေ့မှာကျရောက်တဲ့ မွေးနေ့လေးအတွက်ကိုတော့ နန်းမြတ်ရဲ့ ပရိသတ်တွေရော ချစ်ခင်ရတဲ့ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ အနုပညာရှင်မောင်နှမတွေကလည်း မွေးနေ့ဆုမွန်ကောင်းတွေအသီးသီးဆုတောင်းပေးခဲ့ကြပါသေးတယ်။ နန်းမြတ်ကတော့ ဒီနေ့သူ့ရဲ့ မွေးနေ့ရက်မြတ်လေးမှာ သားရယ်သမီးရယ်နဲ့အတူ ဘုရားသွားကောင်းမှုတွေပြုလုပ်ခဲ့ပါတယ်။

နန်းမြတ်ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေလည်း နန်းမြတ်က ဘုရားသွားခဲ့တဲ့ ပုံရိပ်လေးတွေကို ချစ်ရတဲ့ သူတွေအတွက် ပြန်လည်မျှဝေဖော်ပြထားခဲ့ပါသေးတယ်။ CeleGabar ပရိသတ်ကြီးတွေထဲက နန်းမြတ်တို့ မိသားစုလေးကို ချစ်ကြတဲ့ ပရိသတ်တွေအတွက် နန်းမြတ်တို့ရဲ့ ပုံလေးတွေကို ပြန်လည်မျှဝေဖော်ပြလိုက်ပါတယ်နော်။

Source – Nann Myat Phyo Thinn
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Chilli – CeleGabar