” အသီးအနှံမျိုးစုံရောင်းပြီးဘဝကို ရိုးသားစွာဖြတ်သန်းနေတဲ့ အမျိုးသမီးအတွက် တန်ဖိုးရှိလှတဲ့ကွက်လပ်လေးတစ်ခုကို ဖြည့်ဆည်းပေးခဲ့တဲ့ဝေလာရီ”
Posted on
CeleGabar ပရိသတ်ကြီးရေဝေလာရီကတော့ အသံပါဝါကောင်းကောင်းနဲ့ သီချင်းတွေကို သီဆိုတတ်တဲ့အမျိုးသမီးအဆိုတော်တစ်ဦးဖြစ်တဲ့ လိမ္မာသီးရဲ့ ညီမအရင်းပဲ ဖြစ်ပါတယ်။ အမဖြစ်သူကအဆိုအရာမှာ ကျွမ်းကျင်သလို သူမကလည်းMRTV4ဇာတ်လမ်းတွဲတွေမှာ ပရိသတ်တွေအားပေးဝန်းရံရတဲ့မင်းသမီးလေးတစ်လက်ပါပဲနော်။
လက်ရှိမှာတော့ သူမအနေနဲ့ ကျောက်မျက်ရတနာနဲ့စိန်Live saleလေးတွေပြုလုပ်လျက်ရှိနေတာ​ပါ။ဒါ့အပြင်အလှူအတန်းကုသိုလ်ယူမှုတွေမှာလည်း ပါဝင်ကူညီတတ်တဲ့သူဖြစ်တဲ့ ဝေလာရီကတော့”ဒီနေ့လည်း ကွက်လပ်လေး ၃ ခု ပြည့်ခဲ့ပြန်ပါပြီအဲဒီထဲကမှ ..ဒီအစ်မနာမည်က မမိုးငယ်အသက်က ၃၉ နှစ်လှိုင်သာယာမှာနေတာပါ ..သမီးလေးတစ်ဉီးနဲ့အသီးအနှံမျိုးစုံရောင်းပြီးဘဝကို ရိုးသားစွာရပ်တည်နေသူပါ။
ဒီအစ်မကလည်း ကျွန်တော်တင်တဲ့ post တွေကိုမြင်ပြီးဆက်သွယ်အကူအညီတောင်းခံလာလို့ကူညီပေးဖြစ်ခဲ့တာပါ။ခုတော့ ဒီအစ်မရဲ့ကွက်လပ်လေးလည်းကျွန်တော်ရဲ့အကျိုးဆောင်ကူညီမှုနဲ့
လှပပြည့်စုံခဲ့ပါပြီ ။ဒီအစ်မရဲ့ကွက်လပ်အတွက်ကုန်ကျစရိတ်ကို လှူဒါန်းပေးခဲ့တာကရုပ်ချော သဘောကောင်းရုံတင်မကပဲစိတ်ကောင်း နှလုံးကောင်းရှိလွန်းလှတဲ့MRTV – 4 ရဲ့ မင်းသမီးချောလေးဝေလာရီ ပဲဖြစ်ပါတယ် ..ညီမလေးကလည်း ကျွန်တော်တင်တဲ့ post တွေကိုမြင်ပြီးကွက်လပ်ဖြည့်အလှူလေး လှူဒါန်းချင်လို့ကျွန်တော့်ကို ပြောထားခဲ့တာပါဒီနေ့မှပဲ မင်းသမီးလေးရဲ့ကွက်လပ်ဖြည့်အလှူလေးလှူဒါန်းချင်တဲ့ ဆန္ဒလေးပြည့်ဝခဲ့ရပါပြီ ..
ကွက်လပ်ဖြည့်အလှူလေးကိုဆေးခန်းအထိကိုယ်တိုင်လာလှူပေးတဲ့ ညီမလေးခုထက်ပိုပြီး စိတ်ချမ်းသာကိုယ်ကျန်းမာလို့ မိသားစုနဲ့အတူဘဝတလျှောက်လုံးမှာလည်းလိုအပ်ချက်ကွက်လပ်ဟူသမျှပြည့်စုံပါစေညီမလေးရဲ့အနုပညာလည်းခုထက်ပိုပြီး အောင်မြင်ကျော်ကြားပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော် 🙏🙏🙏ခု post လေးကိုမြင်ပြီးဝမ်းသာပီတိဖြစ်ကြပါစေဗျာ ..”ဆိုတဲ့စာလေးနဲ့ဇာတ်ပို့သရုပ်ဆောင်ဝေလုရဲ့​အကောင့်ကနေတင်လာခဲ့တာပါ။CeleGabarပရိသတ်တွေလည်းဝေလာရီရဲ့ မွန်မြတ်တဲ့ မျက်လုံးအတုအလှူအတွက်သာဓုခေါ်ခဲ့ပါဦးနော်။
Koe-CeleGabar
Soure – WaiLu
ZawgyiFontဖြင့်ဖတ်ရန်
Koe-CeleGabar
Soure – WaiLu