အမှတ်တရပုံရိပ်လေးတွေနဲ့အတူ မိခင်ဖြစ်သူအတွက်မွေးနေ့ဆုတောင်းပေးလာတဲ့ ရတနာမိုင်

ရတနာမိုင်ကတော့ နာမည်ကျော်ပရိသတ်အချစ်တော်တစ်ယောက်လည်းဖြစ်သလို အနုပညာရှင်မျိုးဆက်တစ်ယောက်လည်း ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက မြူးကြွသွက်လက်တဲ့စတိုင်လေးနဲ့ သီချင်းအဆိုကောင်းတာကြောင့် ပရိသတ်တွေအချစ်ပိုရသလို အခုလည်းရင့်ကျက်တည်ငြိမ်လာပြီဖြစ်တဲ့ အဆိုတော်တစ်ဦးဖြစ်လာပြီး Mask Singer လိုပွဲမျိုးမှာတော့ဒိုင်အနေနဲ့လည်း ပါဝင်နေတာဖြစ်ပါတယ်။

ရတနာမိုင်ကတော့ ဒီနေ့မှာမိခင်ဖြစ်သူကိုမွေးနေ့ဆုတောင်းပေးခဲ့ပါတဲ့အကြောင်းကို “Happy Birthday မေကြီး! Wish u all the best! Many happy returns of the day! May u be happy together forever with me! မေကြီးအသက်ရာကျော်ရှည်ပါစေ! စိတ်ချမ်းသာကိုယ်ကျန်းမာပါစေ….အရမ်းချစ်တယ်မေကြီးကို” ဆိုပြီးသူ့ရဲ့ဖေ့ဘွတ်ခ်မှာ ရေးသားထားကာ သားအမိနှစ်ဦးရဲ့အမှတ်တရပုံရိပ်လေးတွေကိုလည်း မျှဝေထားတာဖြစ်ပါတယ်။


ရတနာမိုင်ရဲ့မိခင်ဖြစ်သူမိုင်ကတော့ တစ်ခေတ်တစ်ခါကနာမည်ရအဆိုတော်တစ်ယောက်ဖြစ်ခဲ့ဖူးတာပါ။ ရတနာမိုင်ဟာလည်း လက်ရှိအချိန်မှာအောင်မြင်တဲ့ပရိသတ်ချစ်အဆိုတော်တစ်ယောက်အဖြစ်ရပ်တည်နေပါပြီ။ သားအမိနှစ်ဦးလုံးအနုပညာလောကမှာ ထွန်းလင်းတောက်ပသလို ဘဝမှာ အောင်မြင်မှုများစွာနဲ့ဖြတ်သန်းကာ ပျော်ရွင်နိုင်ကြပါစေလို့ ဆယ်လီကမ္ဘာမှဆုတောင်းလိုက်ပါတယ်။


Source : YadanarMy

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x