” သူမရဲ့live saleမှာ သိန်း(၇၀) ကျော်ဖိုး အားပေးဝန်းရံခဲ့တဲ့ မေပန်းချီကို ကျေးဇူးတင်စကားဆိုလာတဲ့ ရတနာမိုင်”

Posted on

CeleGabarပရိသတ်ကြီးရေ ရခိုင်သူလေး ရတနာမိုင်ဟာ အဆိုတော် မိုင်ရဲ့ သမီးဖြစ်ပြီး မိခင်ရဲ့ သွေးအပြည့် ပါတယ်လို့ဆိုရလောက်အောင် အဆိုပညာမှာ တကယ်တော်တဲ့သူလေးပဲ ဖြစ်ပါတယ်..။ ထွက်ရှိထားတဲ့ သီချင်း Album တိုင်းလဲ အောင်မြင်မှုရရှိထားသူလို့ ဆိုရမှာပါ။အဆိုပိုင်းတင်မကဘဲ သရုပ်ဆောင်ပိုင်းမှာလည်း ဗီဒီယိုဇာတ်ကားများစွာရိုက်ကူးခဲ့သူလည်း ဖြစ်ပါတယ်။


ချစ်စရာအလွန်ကောင်းပြီး လှပပြေပြစ်တဲ့ ဘော်ဒီလေးကိုပိုင်ဆိုင်ထားတဲ့ ရတနာမိုင်ဟာ လတ်တလောမှာ live saleလေးတွေပြုလုပ်လျက်ရှိနေသူပါ။ ဒီနေ့မှာတော့”ချစ်ညီမလေး မေပန်းချီလေးက မိုင်လေးလွှင့်တဲ့ ပထမ ပျက်သွားတဲ့ Live sale ထဲမှာ ရွှေပင်လယ်ဦး စိန်ရွှေရတနာဆိုင် Live sale ကနေ ကိုယ့်အမ(မိုင်လေး)ကိုချစ်လို့ဆိုပြီး ၃၅ သိန်းတန် နားကပ် ၂ ရံ စုစုပေါင်း သိန်း ၇၀ ကျော်ဖိုးအားပေးသွားတဲ့ချစ်ညီမလေး မေပန်းချီကိုကျေးဇူးအများကြီးတင်ပါတယ်။

စိတ်ထားကောင်းတဲ့မီးလေးအောင်မြင်မှုထိပ်ဆုံးမှာအမြဲတမ်းတည်ရှိပါစေ 🙏❤️🥰ဒီနေ့ဝယ်ယူအားပေးကြတဲ့ကျေးဇူးရှင်များအားလုံးကိုလဲကျေးဇူးအများကြီးတင်ပါတယ်ရှင်”ဆိုကာ ကျေးဇူးတင်စကားဆိုလာခဲ့တာပါ။CeleGabarပရိသတ်တွေထဲမှာလည်း ရတနာမိုင်ရဲ့ Live saleလေးတွေကိုအားပေးကြည့်ရှူနေတဲ့ပရိသတ်တွေရှိရင်လည်းမှတ်ချက်ပေးခဲ့ကြပါဦးနော်။


Koe- CeleGabar
Source- Yadanar My
ZawgyiFontဖြင့်ဖတ်ရန်


 






Koe- CeleGabar
Source- Yadanar My