” သရဖူဇာတ်လမ်းတွဲဇာတ်သိမ်းပေမယ့်” အေး ”ဆိုတဲ့ဇာတ်ကောင်လေးကို ပရိသတ်တွေမမေ့သွားဖို့ တောင်းဆိုလာတဲ့ခြူးလေး”

Posted on

CeleGabar ပရိသတ်ကြီးရေ ခြူးလေးကတော့ MRTV – (4)ရုပ်သံဇာတ်လမ်းတွဲများကတဆင့်ပရိသတ်တွေသတိထားမိလာပြီးအောင်မြင်တစ်ခုရရှိလာတဲ့သူတစ်ယောက်ပါ။ ထာဝရမန္တလေးဇာတ်လမ်းတွဲကစပြီးပရိသတ်တွေသတိထားမိခဲ့ပြီးနောက်ပိုင်း သူမရိုက်ကူးတဲ့ဇာတ်လမ်းတွဲတွေဟာတကယ့်ကို​ပရိသတ်ကြိုက်ကာ ချီးကျူးခံရတဲ့ထိပါပဲနော်။

လက်ရှိမှာလည်း သရဖူဇာတ်လမ်းတွဲမှာ မအေးအဖြစ်ပါဝင်ခဲ့ပြီးနောက် ဒီနေ့ညမှာဇာတ်သိမ်းသွားခဲ့ပြီပဲ ဖြစ်ပါတယ်။သူမအနေနဲ့ ဝါရင့်မင်းသားမင်းသမီးတွေနဲ့အပြိုင်သရုပ်ဆောင်ခဲ့ရပေမယ့် တကယ့်ကို သရုပ်ဆောင်ပါရမီထူးကဲနေတာကတော့သူမရဲ့သရုပ်ဆောင်ချက်တွေကတစ်ဆင့် ဇာတ်လမ်းတွဲကြည့်ရှူသူတိုင်းသိနိုင်ပါတယ်နော်။

ခြူးလေးကလည်း ဒီနေ့ညမှာတော့”အေးကို မေ့မသွား နဲ့နော် #chuelay #crown #သရဖူ”ဆိုကာ သူမရဲ့အပြစ်ပြောရက်စရာမရှိအောင်လှပတဲ့ပုံရိပ်လေးတွေကိုတင်ကာ ပြောလာခဲ့တာပါ။CeleGabarပရိသတ်တွေလည်း သရုဖူဇာတ်လမ်းတွဲထဲကအေးဆိုတဲ့ဇာတ်ကောင်လေးကို မမေ့သွားကြနဲ့ဦးနော်။


Koe- CeleGabar
Source-ChueLay
ZawgyiFontဖြင့်ဖတ်ရန်






Koe- CeleGabar
Source-ChueLay