” ကျန်းမာရေးမကောင်းတဲ့ကြားကအလှူအတန်းတွေကို ရရင်ရသလိုပြုလုပ်လျက်ရှိတဲ့ ထက်ထက်မိုးဦး”

Posted on

CeleGabar ပရိသတ်ကြီးရေကြော်ငြာမင်းသမီးလဲဖြစ် အကယ်ဒမီနှစ်ဆုရှင်လဲဖြစ် ပရိသတ်အချစ်တွေကို အမြဲရရှိနေသူလဲဖြစ်တဲ့ သူဆိုတာ အနုပညာလောကမှာ ထက်ထက်မိုးဦးပဲရှိမယ်ထင်တယ်။ ဝေဖန်ခံရနိုင်တဲ့ ကိစ္စတွေ ဖြစ်ခဲ့ရင်တောင် မဝေဖန်ခံရပဲ မျက်နှာမြင်တာနဲ့တင် ပိုပိုအချစ်ခံလာရသူပါ​။

အနုပညာလောကမှ ပျောက်လိုက်ပေါ်လိုက် ဖြစ်နေပေမယ့်လည်း ပရိသတ်တိုင်းရဲ့ရင်မှာ ထက်ထက်မိုးဦးက အမြဲ အချစ်တော်ကြီးဖြစ်နေခဲ့တာပါ။ အခုနောက်ပိုင်းမှာလည်း Live saleတွေပြန်လည် ပြုလုပ်နေကာ ပရိသတ်တွေနဲ့ပြန်လည်ထိတွေ့လျက်ရှိနေတာပါ။

 

ဒီနေ့မှာတော့”နေကောင်းလို့ ကျန်းမာရင် အလုပ်လေးတွေလုပ်လိုက် သံသရာအတွက် ကုသိုလ်လေးတွေ ပြုရ နေမကောင်းပြန်ရင်လည်း ဆေးခန်းပြေးရ …”ဆိုတဲ့စာလေးနဲ့ သူမရဲ့လှူဒါန်းမှုပုံရိပ်လေးနဲ့အတူ ကျန်းမာရေးအခြေအနေကိုပါပြောပြလာခဲ့တာ​ပါ။CeleGabarပရိသတ်တွေလည်း ထက်ထက်ရဲ့ကျန်းမာရေး အမြန်ပြန်လည်ကောင်းမွန်ပြီးအလုပ်တွေပြန်လည်လုပ်နိုင်စေဖို့ ဆုတောင်းပေးခဲ့ကြပါဦးနော်

 

Koe- CeleGabar
Source- HtetHtetMoeOo
ZawgyiFontဖြင့်ဖတ်ရန်


 







Koe- CeleGabar
Source- HtetHtetMoeOo