ချစ်စရာကောင်းလှတဲ့ သားငယ်လေး Jaden ရဲ့ ပုံလေးတွေကို မျှဝေခဲ့တဲ့ မေမေမြတ်ရတနာကျော်

Posted on

ပရိသတ်ကြီးရေ အဆိုတော် Ah Boy နဲ့ မော်ဒယ်လ် သရုပ်ဆောင်ဖြစ်တဲ့ မြတ်ရတနာကျော်တို့ကတော့ ပျော်ရွှင်သာယာတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားပြီး ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားတဲ့ အနုပညာရှင်စုံတွဲလေးတစ်တွဲပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ သမီးလေးတစ်ယောက်နဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။

သမီးလေး ဖြစ်တဲ့ Scarlett လေးကလည်း ချစ်စရာကောင်းလှတာကြောင့် ပရိသတ်တွေရဲ့ အချစ်တော်ကလေးတစ်ယောက်တောင်ဖြစ်နေခဲ့ပါတယ်။ သားငယ်လေးဖြစ်တဲ့ Jaden လေးကလည်း ချစ်စရာကောင်းလွန်းလှတာကြောင့် ချစ်ခင်တဲ့ ပရိသတ်တွေစတင်ရရှိနေခဲ့ပြီပဲဖြစ်ပါတယ်။ မြတ်ရတနာကျော်ကတော့ သူတို့ရဲ့ ချစ်စရာကောင်းလှတဲ့ မိသားစုလေးကို မကြာခဏဆိုသလို သူ့တို့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ချစ်တဲ့ ပရိသတ်တွေအတွက် မျှဝေပေးလေ့ရှိပါတယ်။

လတ်လောမှာလည်း သားငယ်လေးကို ချစ်ကြတဲ့ ပရိသတ်တွေအတွက် သားငယ်လေးရဲ့ ချစ်စရာကောင်းလှတဲ့ ပုံလေးတွေကို မျှဝေဖော်ပြလာခဲ့ပါတယ်။ CeleGaabr ပရိသတ်ကြီးရေ Jaden လေးကို ချစ်ကြတဲ့ ပရိသတ်တွေအတွက် Jaden လေးရဲ့ ပုံလေးတွေကို ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source – Our Travel Diaries
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Chilli – CeleGabar