မွေးနေ့မှာချစ်ရတဲ့ သူတွေဆီကနေ လက်ဆောင်တွေရရှိခဲ့တာကြောင့် ကျေနပ်ပီတိဖြစ်နေခဲ့တဲ့ နန်းမြတ်ဖြိုးသင်း

Posted on

ပရိသတ်ကြီးရေ မနေ့က ဇွန်လ (၂)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ နန်းမြတ်ရဲ့ မွေးနေ့ရက်မြတ်ကျရောက်တဲ့ နေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ နန်းမြတ်ကတော့ မနေ့က မွေးနေ့ရက်မြတ်လေးမှာ အသက် (၃၃)နှစ်ပြည့်မြောက်သွားခဲ့တာပဲဖြစ်ပါတယ်။

နန်းမြတ်ကတော့ မနေ့က(၃၃)နှစ်ပြည့်မွေးနေ့လေးမှာ ဆန်နဲ့ စားသောက်ကုန်တွေ (၃၃)ထုပ် လှူဒါန်းတဲ့ မွန်မြတ်လှတဲ့ အလှူလေးကို ပြုလုပ်ခဲ့ပါတယ်။ နန်းမြတ်ရဲ့ မွေးနေ့လေးအတွက်ကိုတော့ ချစ်ရတဲ့ ပရိသတ်တွေ မိတ်ဆွေတွေ အနုပညာရှင်မောင်နှမတွေကလည်း မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးခဲ့ကြပါသေးတယ်။ ဒါ့အပြင်မွေးနေ့လက်ဆောင်တွေလည်း ပေးကြပြီး နန်းမြတ်ကတော့ ချစ်ရတဲ့ သူတွေထံကလက်ဆောင်တွေကို လက်ခံရရှိခဲ့တဲ့ အတွက် ကျေနပ်ပီတိတွေဖြစ်နေခဲ့ပါသေးတယ်။

နန်းမြတ်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေလည်း “ချစ်တဲ့သူတွေရဲ့အချစ်တွေနဲ့နွေးထွေးပါတယ်။ ချစ်ခင်ပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်။ အားအင်အပြည့်နဲ့ရှေ့ဆက်ပါ့မယ်” ဆိုပြီး မွေးနေ့လက်ဆောင် ရရှိခဲ့တဲ့ ပုံလေးတွေကိုပါ မျှဝေဖော်ပြထားခဲ့ပါတယ်။ CeleGabar ပရိသတ်ကြီးရေ နန်းမြတ်ကတော့ပရိသတ်တွေရဲ့ အချစ်ခံလေးပါနော်။

Source – Nann Myat Phyo Thinn
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Chilli – CeleGabar