” ​ဒီ​ဇင်ဘာခြံရောက် အမှတ်တရအဖြစ် လွတ်လပ်ပေါ့ပါးပျော်မြူးနေတဲ့ ချစ်စရာပုံရိပ်လေးတွေကိုတင်လာခဲ့တဲ့ ခင်သဇင်”
Posted on
CeleGabar ပရိသတ်ကြီးရေ ခင်သဇင်ကတော့ သရုပ်ဆောင်ပိုင်းအပြင်ပညာရေးဘက်မှာလည်း ထူးချွန်တဲ့အနုပညာရှင်တစ်ဦးပါ။ အလှူအတန်းဆိုရင်လည်း လက်မနှေးဘဲ ပရဟိတတွေများစွာလုပ်​ဆောင်လေ့ရှိသူပါပဲနော်။
ခင်သဇင်ကတော့ ” ထာဝရနှောင်ကြိုး”ဇာတ်လမ်းတွဲကနေ ပရိသတ်တွေပိုမို အားပေးခြင်းခံလာရတဲ့ မင်းသမီးတစ်လက်ပါ။ ပရိသတ်တွေတခဲနက်အားပေးခဲ့တဲ့ MRTV4ဇာတ်လမ်းတွဲ တစ်ခုဖြစ်တဲ့ ” အချစ်ဖွဲ့လေညင်း “ဇာတ်လမ်းတွဲမှာလည်းမိုးကလျာဆိုတဲ့ ဗီလိန်ကာရိုက်တာအနေနဲ့ပါဝင်ခဲ့စဥ်ကလည်းပရိသတ်အားပေးမှုမြင့်တက်ခဲ့တာပါ။ပရိသတ်တွေကတော့ သူမရဲ့ ဟာကွက်မရှိတဲ့သရုပ်ဆောင်ချက်တွေကို အမြဲအားပေးလျက်ရှိနေတာပဲ ဖြစ်ပါတယ်။ သူမကိုအားပေးတဲ့ပရိသတ်တွေထဲမှာ ယောကျ်ားလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေလည်း များစွာပါဝင်နေတာပါ။
အခုချိန်မှာလည်း မေမြို့ကိုရိုက်ကူးရေးလုပ်ဖို့ရောက်ရှိနေတာဖြစ်ပြီးဒီနေ့မှာတော့ ဒီဇင်ဘာခြံရောက်အမှတ်တရပုံရိပ်တေံကိုဝေမျှလာခဲ့တာပါ။CeleGabarပရိသတ်တွေလည်းလွတ်လပ်ပေါ့ပါးကာချစ်စရာကောင်းနေတဲ့ ခင်သဇင်ရဲ့ဒီဇင်ဘာခြံရောက်ပုံလေး​ေ​တွကိုကြည့်ရှူဖို့တင်ပေးလိုက်ပါတယ်နော်။
Koe-CeleGabar
Source – KhinThazin
Koe-CeleGabar
Source – KhinThazin