” လွန်ခဲ့တဲ့၂၂နှစ်ကတည်းက သူမလှူဒါန်းခဲ့တဲ့ကျောင်းဆောင်ကြီးကိုခေတ်နဲ့အညီပြန်လည်ပြုပြင်ဖို့ စီစဥ်နေတဲ့ထက်ထက်မိုးဦး”

Posted on

CeleGabar ပရိသတ်ကြီးရေ ထက်ထက်မိုးဦးလို့ပြောလိုက်တာနဲ့ တခတ်တစ်ခါက ကြော်ငြာဘုရင်မလို့တောင်တင်စားခဲ့ရတဲ့သူဆိုတာ ရုပ်ရှင်ချစ်ပရိသတ်တွေသိပြီးသားပါဖြစ်မှာပါ။ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ပိုင်နိုင်စွာသရုပ်ဆောင်နိုင်မှုကြောင့်အကယ်ဒမီဆွတ်ခူးရရှိတဲ့ထိပ်တန်းမင်းသမီးတစ်လက်ပါ။

အနုပညာအလုပ်တွေကိုရပ်နားထားပေမယ့် live saleလေးတွေပြုလုပ်ကာ ချစ်ပရိသတ်တွေနဲ့ထိတွေ့လျက်ရှိတာပါ။ဒီနေ့မှာတော့”အလုပ်လေး နားတဲ့ရက်မှာ ထက်လှူဒါန်းခဲ့တဲ့ ကျောင်းကို ပြုလည်ပြုပြင်ဖို့ နဲ့ ဆေးပြန်သုတ်ဖို့ ဆရာတော်ကို လျှောက်ထားခဲ့တယ်။ကျောင်းဆောက်ခဲ့တဲ့ 2000 ခုနှစ်ဝန်းကျင်တုန်းကလည်း ချမ်းသာလို့ ပိုလျှံလို့ လှူခဲ့တာမျိုးမဟုတ်ပဲ အလုပ်လေးတွေရှာလိုက် ငွေစုလိုက်နဲ့ အချိန်ကုန်လို့ ကုန်မှန်းမသိ 2001 မှာ ရေစက်ချလှူဒါန်းခွင့်ရခဲ့တယ်။အခုလည်း ငွေပိုလျှံတာမျိုးမဟုတ်ပေမယ့်လည်း ထက်ကျန်းမာရေးကောင်းနေတုန်း အလုပ်တွေလုပ်နေနိုင်တုန်း ကိုယ်လှူဒါန်းခဲ့တဲ့ကျောင်းကိုပဲ ခေတ်နဲ့အညီပြန်ပြုပြင်မယ် ဆေးတွေပြန်သုတ်မယ် ဆိုတဲ့ စိတ်နဲ့ပဲ လျှောက်ခဲ့တယ်။”ဆိုတဲ့စာလေးနဲ့ သူမပြုလုပ်မယ့်ကုသိုလ်အလှူလေးကိုပြောပြလာခဲ့တာပါ။

ရှန်းရှန်းတောက်အောင်မြင်စဥ်ကတည်းက သူမအနေနဲ့ အလှူအတန်းတွေအလှူရေစက်လက်နဲ့မကွာဆိုသလိူပြုလုပ်လေ့ရှိတဲ့ နိုင်ငံကျော်မင်းသမီးရဲ့ သဒ္ဓါတရားကိုတော့မချီးကျူးဘဲမနေနိုင်လောက်အောင်ပါပဲနော်။CeleGabarပရိသတ်တွေလည်းထက်ထက်ရဲ့ဆန္ဒတွေအမြန်ဆုံးအ​ေုာင်အထည်ဖော်နိုင်ဖို့ဆုမွန်ကောင်းတောင်းပေးခဲ့ပါဦးနော်။


Koe- CeleGabar
Source- HtetHtetMoeOo
ZawgyiFontဖြင့်ဖတ်ရန်
” လြန္ခဲ့တဲ့၂၂ႏွစ္ကတည္းက သူမလႉဒါန္းခဲ့တဲ့ေက်ာင္းေဆာင္ႀကီးကိုေခတ္နဲ႔အညီျပန္လည္ျပဳျပင္ဖို႔ စီစဥ္ေနတဲ့ထက္ထက္မိုးဦး”

CeleGabar ပရိသတ္ႀကီးေရ ထက္ထက္မိုးဦးလို႔ေျပာလိုက္တာနဲ႔ တခတ္တစ္ခါက ေၾကာ္ျငာဘုရင္မလို႔ေတာင္တင္စားခဲ့ရတဲ့သူဆိုတာ ႐ုပ္ရွင္ခ်စ္ပရိသတ္ေတြသိၿပီးသားပါျဖစ္မွာပါ။ေၾကာ္ျငာေတြအျပင္ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြကိုလည္း ပိုင္ႏိုင္စြာသ႐ုပ္ေဆာင္ႏိုင္မႈေၾကာင့္အကယ္ဒမီဆြတ္ခူးရရွိတဲ့ထိပ္တန္းမင္းသမီးတစ္လက္ပါ။


အႏုပညာအလုပ္ေတြကိုရပ္နားထားေပမယ့္ live saleေလးေတြျပဳလုပ္ကာ ခ်စ္ပရိသတ္ေတြနဲ႔ထိေတြ႕လ်က္ရွိတာပါ။ဒီေန႔မွာေတာ့”အလုပ္ေလး နားတဲ့ရက္မွာ ထက္လႉဒါန္းခဲ့တဲ့ ေက်ာင္းကို ျပဳလည္ျပဳျပင္ဖို႔ နဲ႔ ေဆးျပန္သုတ္ဖို႔ ဆရာေတာ္ကို ေလွ်ာက္ထားခဲ့တယ္။ေက်ာင္းေဆာက္ခဲ့တဲ့ 2000 ခုႏွစ္ဝန္းက်င္တုန္းကလည္း ခ်မ္းသာလို႔ ပိုလွ်ံလို႔ လႉခဲ့တာမ်ိဳးမဟုတ္ပဲ အလုပ္ေလးေတြရွာလိုက္ ေငြစုလိုက္နဲ႔ အခ်ိန္ကုန္လို႔ ကုန္မွန္းမသိ 2001 မွာ ေရစက္ခ်လႉဒါန္းခြင့္ရခဲ့တယ္။အခုလည္း ေငြပိုလွ်ံတာမ်ိဳးမဟုတ္ေပမယ့္လည္း ထက္က်န္းမာေရးေကာင္းေနတုန္း အလုပ္ေတြလုပ္ေနႏိုင္တုန္း ကိုယ္လႉဒါန္းခဲ့တဲ့ေက်ာင္းကိုပဲ ေခတ္နဲ႔အညီျပန္ျပဳျပင္မယ္ ေဆးေတြျပန္သုတ္မယ္ ဆိုတဲ့ စိတ္နဲ႔ပဲ ေလွ်ာက္ခဲ့တယ္။”ဆိုတဲ့စာေလးနဲ႔ သူမျပဳလုပ္မယ့္ကုသိုလ္အလႉေလးကိုေျပာျပလာခဲ့တာပါ။


ရွန္းရွန္းေတာက္ေအာင္ျမင္စဥ္ကတည္းက သူမအေနနဲ႔ အလႉအတန္းေတြအလႉေရစက္လက္နဲ႔မကြာဆိုသလိူျပဳလုပ္ေလ့ရွိတဲ့ ႏိုင္ငံေက်ာ္မင္းသမီးရဲ႕ သဒၶါတရားကိုေတာ့မခ်ီးက်ဴးဘဲမေနႏိုင္ေလာက္ေအာင္ပါပဲေနာ္။CeleGabarပရိသတ္ေတြလည္းထက္ထက္ရဲ႕ဆႏၵေတြအျမန္ဆုံးအ​ေုာင္အထည္ေဖာ္ႏိုင္ဖို႔ဆုမြန္ေကာင္းေတာင္းေပးခဲ့ပါဦးေနာ္။


Koe- CeleGabar
Source- HtetHtetMoeOo