သူ့ဘဝရဲ့ အမျှော်လင့်ခဲ့ရဆုံးနေ့လေးကို ရောက်ရှိခဲ့ပါပြီလို့ဆိုလာတဲ့ မေကဗျာ

Posted on

ပရိသတ်ကြီးရေ မေကဗျာကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေးတစ်ယောက်ပဲဖြစ်ပါတယ်။ ချစ်စရာကောင်းလှတဲ့ သမီးလေးတစ်ယောက်ကို ပြုစုစောင့်ရှောက်ရင်း ဘဝကို အေးချမ်းစွာနဲ့ ဖြတ်သန်းနေခဲ့သူတစ်ယောက်ပါ။

မေကဗျာကတော့ သူ့ရဲ့ သမီးလေးကို ပွဲထုတ်လေ့မရှိပေမဲ့ ဒီနေ့မှာတော့ သမီးလေးကြောင့် ဂုဏ်ယူမဆုံးဖြစ်နေခဲ့ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေလာခဲ့ပါတယ်။ မေကဗျာရဲ့ သမီးလေးကတော့ ဒီနေ့မှာ ဘွဲ့ရရှိခဲ့တာဖြစ်ပြီး မေကဗျာကတော့ မိခင်ပီပီ သမီးလေးရဲ့ အောင်မြင်မှုအတွက် ကျေနပ်ပီတိဖြစ် ဂုဏ်ယူနေခဲ့တာပဲဖြစ်ပါတယ်။

ဒီနေ့လေးက သူ့အတွက် မျှော်လင့်စောင့်စားခဲ့ရတဲ့ နေ့ရက်လေးတစ်ရက်ဖြစ်ကြောင်းလည်း “ကျွန်မဘဝရဲ့မျှော်လင့်ခဲ့ရတဲ့တနေ့” ဆိုပြီးတော့လည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ရေးသားမျှဝေထားခဲ့ပါသေးတယ်။ CeleGabar ပရိသတ်ကြီးရေ သားသမီးတွေအောင်မြင်မှုကို မြင်ရတာကတော့ မိဘတစ်ယောက်အနေနဲ့ တကယ်ဂုဏ်ယူစရာပါပဲနော်။

Source – Ei Phyo Wai
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-

သူ႔ဘဝရဲ႕ အေမွ်ာ္လင့္ခဲ့ရဆုံးေန႔ေလးကို ေရာက္ရွိခဲ့ပါျပီလို႕ဆိုလာတဲ့ ေမကဗ်ာ

ပရိသတ္ႀကီးေရ ေမကဗ်ာကေတာ့ ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္မႈကို အျပည့္အဝရရွိထားတဲ့ ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ သ႐ုပ္ေဆာင္မင္းသမီးေခ်ာေလးတစ္ေယာက္ပဲျဖစ္ပါတယ္။ ခ်စ္စရာေကာင္းလွတဲ့ သမီးေလးတစ္ေယာက္ကို ျပဳစုေစာင့္ေရွာက္ရင္း ဘဝကို ေအးခ်မ္းစြာနဲ႔ ျဖတ္သန္းေနခဲ့သူတစ္ေယာက္ပါ။

ေမကဗ်ာကေတာ့ သူ႔ရဲ႕ သမီးေလးကို ပြဲထုတ္ေလ့မရွိေပမဲ့ ဒီေန႔မွာေတာ့ သမီးေလးေၾကာင့္ ဂုဏ္ယူမဆုံးျဖစ္ေနခဲ့ေၾကာင္း သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန မွ်ေဝလာခဲ့ပါတယ္။ ေမကဗ်ာရဲ႕ သမီးေလးကေတာ့ ဒီေန႔မွာ ဘြဲ႕ရရွိခဲ့တာျဖစ္ၿပီး ေမကဗ်ာကေတာ့ မိခင္ပီပီ သမီးေလးရဲ႕ ေအာင္ျမင္မႈအတြက္ ေက်နပ္ပီတိျဖစ္ ဂုဏ္ယူေနခဲ့တာပဲျဖစ္ပါတယ္။

ဒီေန႔ေလးက သူ႔အတြက္ ေမွ်ာ္လင့္ေစာင့္စားခဲ့ရတဲ့ ေန႔ရက္ေလးတစ္ရက္ျဖစ္ေၾကာင္းလည္း “ကြၽန္မဘဝရဲ႕ေမွ်ာ္လင့္ခဲ့ရတဲ့တေန႔” ဆိုၿပီးေတာ့လည္း သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန ေရးသားမွ်ေဝထားခဲ့ပါေသးတယ္။ CeleGabar ပရိသတ္ႀကီးေရ သားသမီးေတြေအာင္ျမင္မႈကို ျမင္ရတာကေတာ့ မိဘတစ္ေယာက္အေနနဲ႔ တကယ္ဂုဏ္ယူစရာပါပဲေနာ္။

Source – Ei Phyo Wai
Chilli – CeleGabar