တောင်ကြီးမြို့တန့်ကြည့်တောင်အောင်အပ်နှံသာမဏေကျော်ကျောင်းမှာ ဆွမ်းကပ်အလှူလေးပြုလုပ်ခဲ့တဲ့ ဖူးဖူး

Posted on

ပရိသတ်ကြီးရေ ဖူးဖူးကတော့ တစ်ခေတ်တစ်ခါက သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားခဲ့တဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင် အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေလုပ်ကိုင်ခြင်းမရှိဘဲအေးချမ်းစွာဘဝကိုဖြတ်သန်းနေခဲ့ပါတယ်။

ဖူးဖူးကတော့ အနုပညာအလုပ်တွေလုပ်ကိုင်ခြင်းမရှိတော့ပေမဲ့လည်း လက်ရှိအချိန်အထိတော့ ချစ်ခင်တဲ့ ပရိသတ်တွေကရှိနေစဲပါ။ ဒီနေ့မှာတော့ ဖူးဖူးက မွန်မြတ်လှတဲ့ ဆွမ်းလောင်းအလှူလေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ ဖူးဖူးကတော့ အလှူလေးပြုလုပ်ခဲ့ကြောင်း “တောင်ကြီးမြို့တန့်ကြည့်တောင်အောင်အပ်နှံသာမဏေကျော်ကျောင်းမှာသံဃာအပါး၆၀ကျော်ကို မနက်အာရုံတန်းဆွမ်းကုသိုလ်လောင်းလှုခဲ့ပါတယ်။” ဆိုပြီး မျှဝေထားခဲ့ပါသေးတယ်။

ဒါ့အပြင် သူ့အလှူလေးရဲ့ အဖို့ဘာဂတွေကို ချစ်ရတဲ့ ပရိသတ်တွေလည်း ထပ်တူရရှိစေဖို့ “အားလုံးထပ်တူကုသိုလ်ရကြစေရန်မျှဝေပေးပါတယ်” ဆိုပြီးမျှဝေထားခဲ့ပါတယ်။ CeleGabar ပရိသတ်ကြီးရေ ဖူးဖူးတို့ရဲ့မွန်မြတ်လှတဲ့ အလှူလေးကို ပရိသတ်တွေလည်း သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Phoo Phoo
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Phoo Phoo
Chilli – CeleGabar