MYC ကလေးများဂေဟာမှာ အဟာရဒါနအလှူလေးပြုလုပ်ခဲ့တဲ့ သင်ဇာဝင့်ကျော်

Posted on

ပရိသတ်ကြီးရေ သင်ဇာဝင့်ကျော်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော် မော်ဒယ်လ် သရုပ်ဆောင်မင်းသမီးချောလေးပဲဖြစ်ပါတယ်။ သင်ဇာကတော့ ခေတ်လူငယ်တစ်ယောက်ပီပီခေတ်ဆန်ဆန် ဝတ်စားနေထိုင်တတ်ပေမဲ့ ဘာသာရေးကိုင်ရှိုင်းပြီး အလှူအတန်းတွေရက်ရောစွာပြုလုပ်လေ့ရှိတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။

ဒီနေ့မှာလည်း ပရိသတ်တွေရဲ့ အချစ်တော် သင်ဇာဝင့်ကျော်ကတော့ မွန်မြတ်လှတဲ့ အဟာရဒါနအလှူလေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ အလှူလေးကတော့ သန်လျင်မှာရှိတဲ့ M.Y.C ကလေးများဂေဟာမှာ ကလေးတွေအတွက် မုန့်ဟင်းခါး ကျွေးမွေးလှူဒါန်းတဲ့ အဟာရဒါနအလှူလေးပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

အလှူလေးကိုတော့ သရုပ်ဆောင်အေးသီတာက ဂေဟာမှာသွားရောက်လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးရေ သင်ဇာရဲ့ မွန်မြတ်လှတဲ့ အလှူဒါနလေးကို ပရိသတ်တွေလည်း သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – EiEi Phyo
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Source – EiEi Phyo
Chilli – CeleGabar