မကြေးစည် ဇာတ်လမ်းတွဲရိုက်ကူးခဲ့တဲ့ ရွှေကြေးစည်ဘုရားမှာ စတုဒီသာအလှူကြီးပေးခဲ့တဲ့ ကံပွင့်

Posted on

ပရိသတ်ကြီးရေ ကံပွင့်ကတော့ လူရွှင်တော် ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော် အနုပညာရှင်တစ်ယောက်ပဲဖြဟ်ပါတယ်။ ကံပွင့်ကတော့ မကြာသေးခင်က ထုတ်လွှင့်ပြသခဲ့တဲ့ မကြေးစည်ဇာတ်လမ်းတွဲလေးမှာလည်း ပါဝင်သရုပ်ဆောင်ထားခဲ့ပါသေးတယ်။

ဒီနေ့မှာတော့ ကံပွင့်က မုန့်ဟင်းခါး အချိန်(၁၀၀)တိတိကို စတုဒီသာအလှူအဖြစ် အဟာရဒါနစတုဒီသာအလှူကြီးပြုလုပ်ခဲ့ကြောင်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေလာခဲ့ပါတယ်။ စတုဒီသာအလှူကိုတော့ ပြီးခဲ့တဲ့ ဇွန်လ(၃)ရက်နေ့တာပြုလုပ်ခဲ့တာဖြစ်ပြီး ကံပွင့်က မကြေးစည်ဇာတ်လမ်းတွဲရိုက်ကူးခဲ့တဲ့ ရွှေကြေးစည်ဘုရားမှာ ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

ကံပွင့်ကတော့ သူ့ကို အားပေးတဲ့ ပရိသတ်တွေလည်း သူ့အလှူလေးကိုကြည့်ပြီးပီတိတွေဖြစ်စေဖို့ရည်ရွယ်ကာ ဒီနေ့မှာ အလှူမှတ်တမ်းပုံရိပ်လေးတွေကို မျှဝေထားခဲ့ပါတယ်။ CeleGabar ပရိသတ်ကြီးရေ ကံပွင့်ရဲ့ မွန်မြတ်လှတဲ့ အလှူကြီးရဲ့ မှတ်တမ်းပုံရိပ်တွေကို ပီတိဖြစ်ရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source -Kan Pwint
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Source -Kan Pwint
Chilli – CeleGabar