လှူဒါန်းထားတဲ့ ဓမ္မာရုံလေး ပြီးစီးမှုအခြေနေလေးကို မျှဝေလာခဲ့တဲ့ ခိုင်နှင်းဝေ

Posted on

ပရိသတ်ကြီးရေ ခိုင်နှင်းဝေက သူ့ရဲ့မွေးနေ့အလှူလေးအဖြစ် ဓမ္မာရုံဆောက်လုပ်လှူဒါန်းခဲ့တာ ပရိသတ်တွေ မှတ်မိဦးမယ်ထင်ပါတယ်နော်။ ဓမ္မာရုံကတော့ ဆောက်လုပ်နေခဲ့ပြီဖြစ်ပြီး ခိုင်နှင်းဝေကတော့ ဒီနေ့ ဇွန်လ (၅)ရက်နေ့လေးမှာတော့ ဓမ္မာရုံဆောက်လုပ်ပြီးစီးမှု အခြေနေလေးကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေလာခဲ့ပါတယ်။

“ခုနှစ်ရက် သားသမီးများ ကောင်းမှု အဖြစ် ဆောက်လုပ်နေတဲ့ ဓမ္မာရုံလေး ပြီးစီးမှု အခြေအနေလေးပါရှင်..ဝါမဝင်ခင် တရားပွဲလေးများ နှင့် သီလပေးပွဲလေးများ အတွက် လိုအပ်ချက်လေးကို အကောင်အထည်ဖော် လှုခွင့်ရတဲ့ အတွက် ပီတိလေးများ ပွားမိပါတယ်..သီလပေးတဲ့ အခါ နေရာမရှိသောကြောင့် သစ်ပင်အောက်မှာ ဖျာခင်းပြီး သီလပေးနေရတဲ့ အတွက် တတ်နိုင်သလောက်လေး ဖြည့်ဆည်းလှုဒါန်းပေးဖြစ်တဲ့ ခုနှစ်ရက် သားသမီးများ အားလုံးရဲ့ စုပေါင်း ဒါန ကုသိုလ်လေးပါပဲရှင်” ဆိုပြီးတော့လည်း ရေးသားမျှဝေထားခဲ့ပါတယ်။

ဓမ္မာရုံ ဆောက်လုပ်ပြီးစီးနေမှုအခြေနေကိုလည်း ပုံလေးတွေရိုက်ပြီး (၇)ရက်သားသမီး ပရိသတ်တွေ သိရှိအောင်လည်း မျှဝေထားခဲ့ပါတယ်။ CeleGabar ပရိသတ်ကြီးရေ ဓမ္မာရုံလေးကတော်တော်လေးကို ပြီးစီးလုနီးပါးတောင်ဖြစ်နေခဲ့ပါပြီနော်။

Source – Khine Hnin Wai
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Khine Hnin Wai
Chilli – CeleGabar