မြေးလေးကို ရှင်ပြုပေးချင်တဲ့ အဖိုးတို့ စုံတွဲလေးရဲ့ ဆန္ဒလေးပြည့်မြောက်အောင် ကူညီထောက်ပံ့ခဲ့တဲ့ မိုးစက်ရဲ့ ပီတိဖြစ်ဖွယ်ဗီဒီယိုလေး

Posted on

ပရိသတ်ကြီးရေ မိုးစက်ကတော့ လူရွှင်တော်တစ်ယောက်ဖြစ်ပြီး အသက်အရွယ်ကိုမငဲ့ဘဲ ဝမ်းရေးကို သမာအာဇီဝကျကျဖြေရှင်းနေတဲ့ အဖိုးအဖွားတွေကို ကူညီထောက်ပံ့ပေးနေခဲ့တာကြောင့် ပရိသတ်တွေက ချီးကျူးအချစ်ပိုနေရတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။

မနေ့က ဇွန်လ (၅)ရက်နေ့ကလည်း မိုးစက်ကတော့ ဝမ်းရေးအတွက် မုန့်ဖက်ထုပ်ရောင်းကာဖြေရှင်းနေရပြီး မိဘတွေမရှိတော့တဲ့ မြေးလေးကို ရှင်ပြုပေးချင်တာကြောင့် ရတဲ့ငွေလေးတွေထဲက ခွဲခွဲစုနေတဲ့ အဖိုးအဖွားစုံတွဲတစ်တွဲကို ကူညီထောက်ပံ့ခဲ့ပါတယ်။ မိုးစက်ကတော့ အဖိုးအဖွားတို့ရဲ့ မြေးလေးကိုရှင်ပြုပေးချင်တဲ့ ဆန္ဒတွေပြည့်ဝအောင် အဠှူရှင်တွေလှူဒါန်းပေးထားတဲ့ထထဲကနေ (၅)သိန်းကျပ်ကို ကုညီထောက်ပံ့ခဲ့တာပဲဖြစ်ပါတယ်။

မိုးစက်ကတော့ အဖိုးအဖွားတို့အိမ်ထိလိုက်သွားပြီးကူညီထောက်ပံ့ဖြစ်ခဲ့တာလေးကို ဗီဒီယိုမှတ်တမ်းလေးတင်ထားကာ အလှူရှင်တွေလည်း ပီတိဖြစ်ရအောင် ပြန်လည်မျှဝေထားခဲ့ပါတယ်။ CeleGabar ပရိသတ်ကြီးရေ မိုးစက်ရဲ့ ပီတိဖြစ်ဖွယ် ဒီအလှူမှတ်တမ်းဗီဒီယိုလေးကို ပြန်လည်မျှဝေဖော်ပြလိုက်ပါတယ်နော်။

Source – Moe Sat
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Moe Sat
Chilli – CeleGabar