မိခင်ကြီးရဲ့ မွေးနေ့အတွက် မိခင်ကြီးလိုအပ်နေတာလေးမွေးနေ့လက်ဆောင်ပေးခဲ့တဲ့ အေးချမ်းမိုး

Posted on

ပရိသတ်ကြီးရေ အေးချမ်းမိုးကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ မနေ့က ဇွန်လ (၅)ရက်နေ့ကတော့ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ အေးချမ်းမိုးကို မွေးထုတ်ပေးထားတဲ့ အေးချမ်းမို့ရဲ့ မိခင်ကြီးမွေးနေ့ကျရောက်ခဲ့တဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။

အေးချမ်းမိုးကတော့ မနေ့ကကျရောက်ခဲ့တဲ့ မိခင်ကြီးရဲ့ မွေးနေ့အတွက် မွေးနေ့လက်ဆောင်လေးပေးခဲ့တဲ့ ဗီဒီယိုလေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။ အေးချမ်းမိုးကတော့ မိခင်ကြီးလိုအပ်တာတွေကို ကြည့်နေပြီး မိခင်ကြီးကို လိုလေသေးမရှိအောင်ထားတဲ့သူတစ်ယောက်ဖြစ်တာကြောင့် မွေးနေ့လက်ဆောင်လေးကိုလည်း မိခင်ကြီးလိုအပ်နေတာလေးကိုရွေးချယ်ကာ လက်ဆောင်ပေးခဲ့တာပဲဖြစ်ပါတယ်။

အေးချမ်းမိုးကလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “Happy Birthday ပါ ချစ်ရပါသော မေကြီးရေ။ ဒီနှစ်တော့ မေကြီးမွေးနေ့အတွက် လိုအပ်နေတာလေးကို လင်မယားနှစ်ယောက် ဖြည့်ဆည်းပေးဖြစ်တယ်။ ပျော်နေတာ မြင်ရတော့ ကိုယ်တွေပါ အပျော်တွေ ကူးစက်ရတယ်။ သမီးတို့အနားမှာ ပိုမိုကျန်းမာပျော်ရွှင်စွာ ရှိနေပေးပါဦးနော် ” ဆိုပြီးရေးသားမျှဝေထားခဲ့ပါသေးတယ် CeleGabar ပရိသတ်ကြီးရေ။

Source – Aye Chan Moe
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Aye Chan Moe
Chilli – CeleGabar