” သူမရဲ့သားလေးကိုချစ်တဲ့ပရိသတ်တွေအတွက် ၁လသားအရွယ် ချစ်စရာပုံရိပ်တွေကို ပြသလာတဲ့ စုစုဝေ ”

Posted on

CeleGabarပရိသတ်ကြီးရေ စုစုဝေကတော့ Gym Trainer တစ်ယောက်အနေနဲ့ ပရိသတ်တွေစတင်သတိထားမိခဲ့ပြီးနောက်မှာ ​ဂျာမနီသားတစ်ဦးဖြစ်တဲ့Mikis Weber နဲ့တွဲဖက်ကာ လိုက်ဖက်တဲ့စုံတွဲအဖြစ်ပရိသတ်တွေကလက်ခံခဲ့ကြတာပါ။ တိုက်ခိုက်ပြောဆိုမှုတွေများစွာကြုံတွေ့ခဲ့ရပေမယ့်အခုဆိုရင် သူမအနေနဲ့ ခင်ပွန်းသည်Mikisရဲ့မွေးရပ်မြေသို့လိုက်လံနေထိုင်သားဦးလေးကိုမွေးဖွားခဲ့ပြီပဲ ဖြစ်ပါတယ်။


ယောကျာ်းဖြစ်သူရဲ့မွေးရပ်မြေကိုလိုက်သွားပေမယ့် ယောက္ခမဆွေမျိုးတွေကလိုလေသေးမရှိဂရုစိုက်ခံရတဲ့ စုစုဝေတစ်ယောက် သားဦးလေးကိုလည်းချောမွေ့စွာမွေးဖွးနိုင်ခဲ့တာပါ။ ဒီနေ့မှာလည်း”Hallo 🙋 Guten Morgen 😃🌞☀️ သားသားလေး 1 လ အရွယ် ပုံလေးတွေထပ်တင်ပေးလိုက်ပါပြီရှင်🥰သားသားကိုချစ်တဲ့သူလေးတွေ မြင်စေချင်လို့😘💙”ဆိုတဲ့စာလေးနဲ့ချစ်စရာသားချောလေးရဲ့ပုံလေးတွေကိုတင်လာခဲ့တာပါ။


CeleGabarပရိသတ်တွေလည်းMikisနဲ့စုစုဝေရဲ့သားချောလေးက အဖေတူသားချောလေးလား.. အမေတူသားချောလေးလားဆိုတာ ပုံလေးတွေကြည့်ပြီးဆုံးဖြတ်ပေးခဲ့ပါဦးနော်။

Koe-CeleGabar
Source -SuSuWeber
ZawgyiFontဖြင့်ဖတ်ရန်







Koe-CeleGabar
Source -SuSuWeber