အဓ္ဓမပြုကျင့်ခံရပြီး ကလေးကိုစောင့်ရှောင်နိုင်ဖို့ ခက်ခဲနေတဲ့အတွက် မွေးစားဖို့ကူညီတောင်းခံလာတာကြောင့် သားလေးတစ်ယောက်ကို ထပ်မံမွေးစားခဲ့တဲ့ ခိုင်နှင်းဝေ

Posted on

ပရိသတ်ကြီးရေ ခိုင်နှင်းဝေကတော့ မနေ့က ဇွန်လ (၆)ရက်နေ့မှာ သားလေးတစ်ယောက်ကို ထပ်မံမွေးစားခဲ့ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ရေးသားမျှဝေလာခဲ့ပါတယ်။ ခိုင်နှင်းဝေကတော့ အကြောင်းကြောင်းကြောင့် မိဘတွေရဲ့ စွန့်ပစ်ခြင်းကို ခံရတဲ့ ကလေးငယ်တွေကို သားသမီးအရင်းလို မွေးစားစောင့်ရှောက်နေခဲ့တာပါ။

မနေ့ကထပ်မံမွေးစားခဲ့တဲ့ သားလေးရဲ့ မိခင်ကတော့ အသက် (၁၃)နှစ်အရွယ်သာရှိသေးပြီး ဦးလေးဖြစ်သူက အဓ္ဓမပြုကျင့်ခံရတာကြောင့် ရရှိခဲ့တာပဲဖြစ်ပါတယ်။ စားဝတ်နေရေးခက်ခဲလှတဲ့အပြင် အသက်အရွယ်ကလည်းငယ်သေးတဲ့အတွက် သားလေးကိုစောင့်ရှောက်ဖို့ရာ အခက်အခဲဖြစ်နေခဲ့တာကြောင့် ခိုင်နှင်းဝေထံမှာ သားလေးကို ပြုစုစောင့်ရှောက်ဖို့ အကူညီထောင်ခံလာခဲ့တာကြောင့် ခေါ်ယူမွေးစားခဲ့တာဖြစ်တယ်လို့လည်း သိရှိရပါတယ်။

ခိုင်နှင်းဝေကတော့ သားလေးတို့ သားအမိရဲ့ အဖြစ်ကို သနားတာကြောင့် သားလေးက တစ်ချိန်မှာ မိခင်ကို ပြန်လည်စောင့်ရှောက်နိုင်တဲ့ သားလိမ္မာလေးတစ်ယောက်ဖြစ်အောင် ပြုစုစောင့်ရှောက်ပေးမယ်ဆိုတဲ့ စိတ်ကူးလေးနဲ့ လက်ခံခဲ့ကြောင်းလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေထားခဲ့ပါတယ်။ CeleGabar ပရိသတ်ကြီးရေ ခိုင်နှင်းဝေကတော့ ဒီသားလေးကို လည်းချစ်ပေးကြပါဦးနော်တဲ့။

Source – Khine Hnin Wai
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-

အဓၶမျပဳက်င့္ခံရၿပီး ကေလးကိုေစာင့္ေရွာင္ႏိုင္ဖို႔ ခက္ခဲေနတဲ့အတြက္ ေမြးစားဖို႔ကူညီေတာင္းခံလာတာေၾကာင့္ သားေလးတစ္ေယာက္ကို ထပ္မံေမြးစားခဲ့တဲ့ ခိုင္ႏွင္းေဝ

ပရိသတ္ႀကီးေရ ခိုင္ႏွင္းေဝကေတာ့ မေန႔က ဇြန္လ (၆)ရက္ေန႔မွာ သားေလးတစ္ေယာက္ကို ထပ္မံေမြးစားခဲ့ေၾကာင္း သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန ေရးသားမွ်ေဝလာခဲ့ပါတယ္။ ခိုင္ႏွင္းေဝကေတာ့ အေၾကာင္းေၾကာင္းေၾကာင့္ မိဘေတြရဲ႕ စြန႔္ပစ္ျခင္းကို ခံရတဲ့ ကေလးငယ္ေတြကို သားသမီးအရင္းလို ေမြးစားေစာင့္ေရွာက္ေနခဲ့တာပါ။

မေန႔ကထပ္မံေမြးစားခဲ့တဲ့ သားေလးရဲ႕ မိခင္ကေတာ့ အသက္ (၁၃)ႏွစ္အ႐ြယ္သာရွိေသးၿပီး ဦးေလးျဖစ္သူက အဓၶမျပဳက်င့္ခံရတာေၾကာင့္ ရရွိခဲ့တာပဲျဖစ္ပါတယ္။ စားဝတ္ေနေရးခက္ခဲလွတဲ့အျပင္ အသက္အရြယ္ကလည္းငယ္ေသးတဲ့အတြက္ သားေလးကိုေစာင့္ေရွာက္ဖို႕ရာ အခက္အခဲျဖစ္ေနခဲ့တာေၾကာင့္ ခိုင္နွင္းေဝထံမွာ သားေလးကို ျပဳစုေစာင့္ေရွာက္ဖို႕ အကူညီေထာင္ခံလာခဲ့တာေၾကာင့္ ေခၚယူေမြးစားခဲ့တာျဖစ္တယ္လို႕လည္း သိရွိရပါတယ္။

ခိုင္နွင္းေဝကေတာ့ သားေလးတို႕ သားအမိရဲ႕ အျဖစ္ကို သနားတာေၾကာင့္ သားေလးက တစ္ခ်ိန္မွာ မိခင္ကို ျပန္လည္ေစာင့္ေရွာက္နိုင္တဲ့ သားလိမၼာေလးတစ္ေယာက္ျဖစ္ေအာင္ ျပဳစုေစာင့္ေရွာက္ေပးမယ္ဆိုတဲ့ စိတ္ကူးေလးနဲ႕ လက္ခံခဲ့ေၾကာင္းလည္း သူ႕ရဲ႕လူမႈကြန္ရက္စာမ်က္နွာကေန မွ်ေဝထားခဲ့ပါတယ္။ CeleGabar ပရိသတ္ၾကီးေရ ခိုင္နွင္းေဝကေတာ့ ဒီသားေလးကို လည္းခ်စ္ေပးၾကပါဦးေနာ္တဲ့။

Source – Khine Hnin Wai
Chilli – CeleGabar