ချစ်ခြင်းမှာ အသက်အရွယ်က အဓိကမကျပါဘူးဆိုတဲ့ အေးမြတ်သူ

Posted on

မမြတ်လေးဆိုပြီး ပရိသတ်တွေအချစ်ပိုနေရတဲ့ အေးမြတ်သူကတော့ ကိုယ်ဝါသနာပါရာ အနုပညာခရီးလမ်းကို တစ်စိုက်မတ်မတ်လျှောက်လှမ်းရင်း အောင်မြင်မှုရရှိလာသူတစ်ယောက်ပါ။ အနုပညာအလုပ်တွေနဲ့ပဲ အချိန်ကုန်ရင်း မိဘကိုလုပ်ကျွေးနေတဲ့အပျိုကြီးမမ အေးမြတ်သူကတော့ အသက်(၃၅) နှစ်ရှိပြီ ဖြစ်ပေမယ့်လည်း အချစ်ရေးနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာထုတ်ပြောထားခြင်းမရှိသေးပါဘူးနော်။

ဒါပေမယ့် မကြာခဏဆိုသလို သူ့ရဲ့ဖေ့ဘွတ်ခ်စာမျက်နှာထက်မှာ ကြည်နူးစရာအချစ်အကြောင်းတွေ ရေးဖွဲ့လေ့ရှိသူ အေးမြတ်သူကတော့ ဒီတစ်ခေါက်မှာလည်း “ကောင်းကင်ပြာပြာကြီးရဲ့အောက်မှာ မင်းချစ်တဲ့ကောင်မလေးတယောက်…ပျော်ရွှင်နေတယ် ချစ်သူ…. ကောင်မလေး က အသက်(၃၅) ဖြစ်နေတာတော့ ခြွင်းချက်ပေါ့နော်… ချစ်ခြင်းမှာ… အသက်အရွယ် က အဓိကမကျပါဘူး… ကိုယ် နည်းနည်းဆိုးမယ်နော်” ဆိုတဲ့စာသားလေးနဲ့အတူ နုနယ်ပျိုမြစ်တဲ့လူငယ်တစ်ယောက်လို တက်ကြွလန်းဆန်းတဲ့ပုံရိပ်လေးတွေပါ မျှဝေခဲ့ပါတယ်။

အချစ်နဲ့ပတ်သက်ရင် လူတွေတိုင်းဟာ ဆယ်ကျော်သက်ဆိုတဲ့စကားအတိုင်းပဲ အသက်(၃၅) နှစ်ရှိပြီ ဖြစ်တဲ့အပျိုကြီးမမ အေးမြတ်သူကတော့ အပြင်မှာဘယ်လောက်ရင့်ကျက်ကျက် ကိုယ့်ချစ်သူနဲ့ပတ်သက်ရင်တော့ ခပ်ဆိုးဆိုးကောင်မလေးလိုပဲ နေချင်ပါတယ်တဲ့ ပရိသတ်ကြီးရေ.. အချစ်မှာ အသက်အရွယ်က အဓိက မကျတာ ပရိသတ်ကြီးရော လက်ခံတယ်မလား။


Source – Aye Myat Thu
Rainbow- Cele Gabar