” ပုရိသပရိသတ်တွေရင်ခုန်သွားစေမယ့်အပြောလေးနဲ့ ချစ်စရာအလှပုံရိပ်လေးတွေကိုတင်ကာ ပရိသတ်အချစ်တွေကိုခြွေယူလိုက်တဲ့ Mary ”

Posted on

CeleGabar ပရိသတ်ကြီးရေMaryကတော့ ယောကျာ်းထုကြီးရဲ့အသည်းကျော် အဆိုတော်မလေးတစ်ဦး ဖြစ်ပြီးငယ်စဥ်ထဲက ဂျပန်မှာနေခဲ့ပေမယ့် မြန်မာနိုင်ငံကိုတော့ ချစ်ခင်တွယ်တာလွန်းတာကြောင့် အချိန်ရတဲ့ အားလပ်ရက်တွေကို မြန်မာပြည်မှာနေကာ အနုပညာအလုပ်တွေလုပ်ရင်း ကုန်ဆုံးလေ့ရှိသူလေးပါ။Mary လို့ဆိုလိုက်တာနဲ့ ပါးဖောင်းဖောင်းလေးနဲ့ချစ်စရာကောင်းပြီးစကားသံဝဲဝဲ လေးနဲ့ အဆိုတော်လေးကို ပြေး​မြင်မိမှာပါ။

ဒါ့အပြင်အမြဲပွင့်လင်းပေါ့ပါးစွာ အင်တာဗျူးတွေကိုဖြေတတ်တာကြောင့် ပုရိသတွေအချစ်ပိုနေရတဲ့အချက်ထဲကတစ်ချက်အပါအဝင်ပါပဲနော်။ဒီနေ့မှာတော့ သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာ “Your little nar bi”ဆိုတဲ့စာလေးနဲ့ ​လူငယ်တွေကြားရေပန်းစားနေတဲ့အသုံးအနှုန်းလေးကိုသုံးကာ ချစ်စရာပုံရိပ်လေးတွေကိုတင်လာခဲ့တာပါ။


သူမကိုယ်သူမလိပ်ပြာလေးတစ်ကောင်လိုတင်စားပြီးပုရိသပရိသတ်တွေရင်ခုန်စေမယ့်စာသားလေးကိုသုံးနှုန်းခဲ့တာပဲ ဖြစ်ပါတယ်။CeleGabarပရိသတ်ထဲမှာရော nar biရဲ့ပိုင်ရှင်လေးဖြစ်ချင်နေတဲ့သူတွေရှိလားဆိုတာ ဖြေပေးခဲ့ပါဦးနော်။

Koe-CeleGabar
Soure – Mary
ZawgyiFontဖြင့်ဖတ်ရန်






Koe-CeleGabar
Soure – Mary