ပရိသတ်ကြီးရေ စိုပြေမြင့်ကတော့ MRTV- 4 ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်တွေရဲ့ အချစ်တော်မင်းသားချောတစ်လက်ပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ စိုပြေမြင့်က ကောင်းမှုကုသိုလ်တွေပြုလုပ်ခဲ့ပါတယ်ပရိသတ်ကြီးရေ။
ကောင်းမှုကုသိုလ်တွေကိုတော့ စိုပြေမြင့်က ကွယ်လွန်သွားတာ (၁၁)လရှိသွားပြီးဖြစ်တဲ့ သူ့ရဲ့ဖခင်ကြီးအတွက်ရည်စူးပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေလည်း ကောင်းမှုတွေပြုလုပ်ခဲ့ကြောင်း “အဖေဆုံးတာ ၁၁ လပြည့်ခဲ့ပြီ သားမိနှစ်ယောက် ဘုရားသွား ဘုန်းကြီးကျောင်းသွား ဆွမ်း နဲ့ သင်္ကန်းကပ်လှူခဲ့ပါတယ်” ဆိုပြီး ရေးသားမျှဝေထားခဲ့ပါတယ်။
သူတို့သားအမိနှစ်ယောက် ဖခင်ကြီးအတွက် ကောင်းမှုတွေပြုလုပ်ပေးနေတဲ့ ပုံလေးကိုလည်း မျှဝေထားခဲ့ပြီး အခုပြုလုပ်တဲ့ ကောင်းမှုတွေကို ဖခင်ကြီးရရှိစေဖို့လည်း ရည်ရွယ်ကာ အမျှပေးဝေထားခဲ့ပါသေးတယ်။ CeleGabar ပရိသတ်ကြီးရေ စိုပြေမြင့်တို့ သားအမိရဲ့ အလှူလေးကို ပရိသတ်တွေလည်း သာဓုခေါ်ပေးခဲ့ကြပါဦးနော်။
Source – So Pyay Myint
Chilli – CeleGabar
-Zawgyi Font ဖြင့် ဖတ်ရန်-
ဖခင်ကြီးအတွက်ရည်စူးပြီး ကောင်းမှုတွေပြုလုပ်ခဲ့တဲ့ စိုပြေမြင့်
Source – So Pyay Myint
Chilli – CeleGabar