မန္တလေးတောင်ပေါ်ဘုရားဖူးရင်း ဘုရားပေါ်မှာတွေ့တဲ့ ဆရာလေးတွေကို ဝတ္ထုငွေတွေကပ်လှူခဲ့တဲ့ နေရည်ဝင်းလဲ့

Posted on

ပရိသတ်ကြီးရေ နေရည်ဝင်းလဲ့ကိုတော့ ပရိသတ်တွေကို အထူတလည်မိတ်ဆက်ပေးစရာမလိုလောက်အောင် ရင်နှီးပြီးသားဖြစ်မှာပါနော်။ MRTV – 4 ဇာတ်လမ်းတွေမှာ ပါဝင်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်မှုကို တစ်နေ့ထက်တစ်နေ့ပိုမိုရရှိလားခဲ့တဲ့ ပရိသတ်အချစ်တော် မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။

နေရည်ဝင်းလဲ့ကတော့ အလှူအတန်းတွေကိုရက်ရောစွာနဲ့ လှူဒါန်းတတ်ပြီး မကြာခဏဆိုသလိုလည်း လိုအပ်နေတဲ့နေရာတွေမှာ လှူဒါန်းမှုတွေပြုလုပ်နေခဲ့ပါသေးတယ်။ လတ်တလောမှာလည်း နေရည်ဝင်းလဲ့ကတော့ မန္တလေးတောင်ပေါ်ကို ဘုရားဖူးသွားခဲ့ပြီး ဘုရားပေါ်မှာတွေ့တဲ့ သီလရှင်ဆရာလေးတွေကို ဝတ္ထုငွေတွေကပ်လှူခဲ့ပါသေးတယ်။

လှူဒါန်းတဲ့အတွက် ဆုတွေပြန်ပေးတဲ့ ဆရာလေးတွေရဲ့ ဆုတောင်းသံတွေကြောင့်လည်း နေရည်ဝင်းလဲ့က ပီတိတွေဖြစ်နေခဲ့ပါသေးတယ်။ CeleGabar ပရိသတ်ကြီးရေ ဆရာလေးတွေက နေရည်ဝင်းလဲ့ကို ယင်းမာ, ဒေဝီ, သိုက်နန်းရှင်မလေး, မခင်လေး ဆိုတဲ့ ကာရိုက်တာ နာမည်လေးတွေ အားလုံးကို သိနေခဲ့တာကြောင့် နေရည်ဝင်းလဲ့က ပီတိတွေဖြစ်နေခဲ့ပါသေးတယ်တဲ့။

Source – Nay Yee Win Lai – နေရည်ဝင်းလဲ့
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Chilli – CeleGabar