” မြန်မာ့ရိုးရာ အကဖြစ်တဲ့ဦးရွှေရိုးနဲ့ဒေါ်မိုးအကကို သူငယ်ချင်းလပြည့်နဲ့အတူ တွဲဖက်ကာ ကပြပုံဖော်ခဲ့တဲ့ ဖြိုးရာဇာနိုင်ရဲ့ဗီဒီယိုဖိုင်”

Posted on

CeleGabarပရိသတ်ကြီးရေ ဖြိုးရာဇာနိုင်ကတော့ မောင်မြင့်အဖြစ် ” မျက်လုံးမှာအလွမ်းနှုတ်ခမ်းမှာမာန ” ဇာတ်လမ်းတွဲထဲမှာမောင်မြင့် ဇာတ်ကောင်အနေနဲ့ ပရိတ်သတ်အကြိုက်တွေ့ခဲ့တဲ့ MRTV – (4) ဇာတ်လမ်းတွဲ မင်းသားတစ်လက်ပါ။ ချောမောတဲ့ ရုပ်သွင်ကိုပိုင်ဆိုင်ထားပြီး ယောကျာ်းပီသတဲ့ သွင်ပြင်ကြောင့် ပရိသတ်တွေသတိထားမိလာသူလို့လည်း ဆိုရမှာပါ။

သူရဲ့သရုပ်ဆောင်ချက်တွေက အနုပညာကျောင်းဆင်းတစ်ယောက်ဖြစ်တာနဲ့အတူ သရုပ်ဆောင်ချက်တွေက ရောက်တဲ့နေရာမှာ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်ပြီးအလားအလာရှိသူတစ်ဦးလည်းဖြစ်ပါတယ်။ကြော်ငြာ တွေစတင်ရိုက်ကူးခဲ့ပြီး ဇာတ်လမ်းတွဲတွေပါရိုက်ကူးနေပြီဖြစ်တာမို့ အောင်မြင်မှုလမ်းကြောင်းပေါ်စတင်လျှောက်လှမ်းနေပြီလို့ ပြောရမှာပဲ ဖြစ်ပါတယ်။


ဒီနေ့မှာတော့တော်ရုံလူတွေမလုပ်နိုင်တဲ့ဦးရွှေရိုးနဲ့ဒေါ်မိုးအကကို သူငယ်ချင်း လပြည့်နဲ့အတူ ကခဲ့တဲ့ဗီဒီယိုဖိုင်လေးကို”ဦးရွှေရိုး နဲ့ ဒေါ်မိုး 🤭 ဒေါ်မိုးကဘူလဲ 🤭#ဝမ်ဝုကျဲခိုကျွန့်.. မြန်မာအကလေးနဲ့ လှည့်ပတ် က လိုက်ရတာ အရမ်းမိုက်တာပဲကဲ.. အားလုံးပဲ ဒီ challenge လေးမှာ ပါဝင်ကြဖို့ ဖိတ်ခေါ်ပါတယ်…”ဆိုကာ အကဗီဒီယိုဖိုင်လေးကိုတင်လာခဲ့တာပါ။ သရုပ်ဆောင်ပညာသာမက မြန်မာ့ရိုးရာ အကတွေကိုပါကျွမ်းကျင်လှတဲ့ ဖြိုးရာဇာနိုင်နဲ့ လပြည့်တို့နှစ်ဦးရဲ့ဗီဒီယိုဖိုင်လေးကိုကြည့်ပြီးသဘောကျရင်မှတ်ချက်ပေးခဲ့ပါဦးCeleGabarပရိသတ်ကြီးရေ။

Koe-CeleGabar
Source – phyoyarzarNaing
ZawgyiFontဖြင့်ဖတ်ရန်


သရုပ်ဆောင်လဲတော်……အကမှာလည်း တော်ကြတဲ့ ဘက်စုံရမင်းသားတွေပါပဲ😍😍😍




Koe-CeleGabar