TikTok တောင်ဆော့တတ်နေပြီဖြစ်တဲ့ ကလေးတွေရဲ့ ချစ်စရာTikTok ဗီဒီယိုလေးတွေကို မျှဝေလာခဲ့တဲ့ ခိုင်နှင်းဝေ

Posted on

ပရိသတ်ကြီးရေ ခိုင်နှင်းဝေကတော့ သူ့ရဲ့ဂေဟာကကလေးတွေကို ချစ်ပေးကြတဲ့ ပရိသတ်တွေအတွက် ကလေးတွေရဲ့ ချစ်စရာဗီဒီယိုလေးတွေကို မကြာခဏဆိုသလို မျှဝေဖော်ပြပေးလေ့ရှိပါတယ်။ ကလေးတွေကလည်း မေမေခိုင်နှင်းဝေရော ပရိသတ်တွေကပါ အချစ်ပိုရလောက်အောင်ကို ချစ်စရာအလွန်ကောင်းကြပါတယ်။

တစ်နေ့ထက်တစ်နေ့အရွယ်ရောက်လာလေလေ ပိုပိုတတ်သိပြီး ပိုပိုချစ်စရာကောင်းလာလေလေမို့ ပရိသတ်တွေရော မေမေခိုင်နှင်းဝေကပါ ချစ်ခင်လွန်းနေကြရပါသေးတယ်။ အခုဆိုရင်တော့ ကလေးတွေက TikTok ဗီဒီယိုလေးတွေကို ပါလိုက်ဖက်ညီအောင် လိုက်ဆော့တတ်နေပြီဖြစ်ပြီး ခိုင်နှင်းဝေကတော့ ကလေးတွေရဲ့ TikTok ဗီဒီယိုလေးကိုကြည့်ပြီး အကြီးအကျယ်ကို သဘောကျနေခဲ့ပါသေးတယ်။

သူ့လိုပဲ သူ့ရဲ့ကလေးတွေကို ချစ်ကြတဲ့ ပရိသတ်တွေအတွက် ကလေးတွေရဲ့ TikTok ဗီဒီယိုလေးကို ခိုင်နှင်းဝေက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။ CeleGabar ပရိသတ်ကြီးရေ အားလုံးထဲမှာတော့ အာကြီးက အကဲဆုံး အတတ်ဆုံးလေးပါပဲနော်။

Source – Khine Hnin Wai
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Khine Hnin Wai
Chilli – CeleGabar