မွေးနေ့အလှူအဖြစ် CPC ဂေဟာက ကလေးငယ်တွေအတွက် အဟာရဒါနအလှူနဲ့ လိုအပ်တာတွေလှူဒါန်းပေးခဲ့တဲ့ ထူးအောင်

Posted on

ပရိသတ်ကြီးရေ ထူးအောင်ကတော့ အမိုက်စားခန္ဓာကိုယ်နဲ့ ဆွဲဆောင်မှုရှိကာ ယောက်ျားပီသလှတာကြောင့် နှုတ်ခမ်းနီမလေးတွေနဲ့ အသည်းကျော်တစ်ယောက်ပဲဖြစ်ပါတယ်။ မော်ဒယ်လ် သရုပ်ဆောင် တစ်ယောက်အနေနဲ့လည်း အနုပညာလောကမှအောင်မြင်မှုတွေရရှိထားတဲ့ ပရိသတ်အချစ်တော် အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။

ထူးအောင်ကတော့ မနေ့က ဇွန်လ (၉)ရက်နေ့မှာတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မွေးနေ့အလှူပြုလုပ်ခဲ့တဲ့ ဗီဒီယိုဖိုင်လေးတစ်ခုကို မျှဝေလာခဲ့ပါတယ်။ ထူးအောင်ကတော့ သူ့ရဲ့မွေးနေ့အလှူအနေနဲ့ CPC ဂေဟာမှာရှိတဲ့ ကလေးငယ် (၄၅)ယောက်အတွက် နေ့လည်စာအဟာရဒါနအလှူလေးကျွေးမွေးလှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။

ဒါ့အပြင်လည်း ကလေးတွေအတွက် လိုအပ်တဲ့ အသုံးအဆောင်တွေနဲ့ မုန့်တွေကိုလည်း လှူဒါန်းပေးခဲ့ပါသေးတယ်။ CeleGabar ပရိသတ်ကြီးရေ ဂေဟာလေးကတော့ ကလေးတွေအတွက် တကယ်လိုအပ်ချကက်တွေရှိနေပြီး မပြည့်မစုံနဲ့ မို့ လှူဒါန်းတဲ့ အလှူလေးကတကယ်ကို ပီတိဖြစ်ရတဲ့ အလှူလေးပါပဲနော်။

Source – Htoo Aung – ထူးအောင်
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Chilli – CeleGabar