ပုဂံမြို့သူလေးပါဆိုပြီး သနပ်ခါးလေးနဲ့ ပုဂံမှာရိုက်ကူးထားတဲ့ ပုံလေးတွေကို မျှဝေခဲ့တဲ့ အေးမြဖြူ

Posted on

ပရိသတ်ကြီးရေ အေးမြဖြူကတော့ ငယ်စဉ်ကတည်းက သရုပ်ဆောင် အဆိုတော်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော် အနုပညာမျိုးဆက်သစ်လေးပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ လှပနုနယ်ပျိုမြစ်တဲ့ ဆယ်ကျော်သက်အရွယ်လေးကိုရောက်ရှိနေခဲ့ပြီပဲဖြစ်ပါတယ်။

မိုးသိုလေးလို့ ပရိသတ်တွေချစ်စနိုးနဲ့ ခေါ်ကြတဲ့ အေးမြဖြူကတော့ လက်ရှိမှ အဆိုတော်တစ်ယောက်အနေနဲ့ အနုပညာလောကမှာ တော်တော်လေးကို အောင်မြင်မှုတွေရရှိနေခဲ့ပြီပဲဖြစ်ပါတယ်။ ခေတ်လူငယ်တစ်ယောက်ဖြစ်ပေမဲ့ ရှားမှရှားလို့ဆိုရလောက်အောင်ကို မြန်မာသံတေးသီချင်းတွေကို ပိုင်နိုင်စွာသီဆိုနိုင်တဲ့ လူငယ်အဆိုတော်တစ်ယောက်ဖြစ်ပြီး မြန်မာဆန်ဆန်အမြဲလိုလို ဝတ်ဆင့်လေ့ရှိပါတယ်။

ဒီနေ့မှာလည်းမိုးသိုလေးကတော့ ပုဂံမြို့သူလေးပါဆိုပြီး သနပ်ခါးလေးနဲ့ ပုဂံမှာရိုက်ကူးထားတဲ့ အလှပုံလေးတွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။ CeleGabar ပရိသတ်ကြီးရေ ချစ်စရာကောင်းလှတဲ့ မိုးသိုလေးရဲ့ ပုဂံမြို့မှာရိုက်ကူးထားတဲ့ ပုံလေးတွေကို ပြန်လည်မျှဝေဖော်ပြလိုက်ပါတယ်နော်။

Source – Aye Mya Phyu
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Aye Mya Phyu
Chilli – CeleGabar