ကလေးအယောက် (၁၀၀)အတွက် မုန့်ဖိုးနဲ့ စာအုပ်၊ဘောပင်၊ခဲတံတွေ လှူဒါန်းပေးခဲ့တဲ့ ခိုင်နှင်းဝေ

Posted on

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ ခိုင်နှင်းဝေကတော့ မနေ့က ဇွန်လ (၁၀)ရက်နေ့မှာလည်း အလှူလေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ အလှူလေးကတော့ ကလေးတွေအတွက် မုန့်ဖိုးနဲ့ ကျောင်းတက်တဲ့အခါမှာ လိုအပ်တဲ့ စာအုပ်၊ ဘောပင် ၊ခဲတံ စတာတွေကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

ခိုင်နှင်းဝေကတော့ ဒီအလှူလေးပြုလုပ်ခဲ့တဲ့ အကြောင်းကိုလည်း “ချစ်စရာကလေးလေးတွေ အယောက် (၁၀၀) အတွက် မုန့်ဘိုး (၁) သောင်း၊စာအုပ်၊ဘောပင်၊ခဲတံ တို့ကို (၂) နေရာ ခွဲ၍ လှူဒါန်းခဲ့ပါတယ်…” ဆိုပြီး လှူဒါန်းခဲ့တဲ့ မှတ်တမ်းလေးကို ဗီဒီယိုလေးရိုက်ကူးပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါတယ်။

ခိုင်နှင်းဝေကတော့ အခုလို လှူဒါန်းခဲ့ရတဲ့အပေါ် “အမှန်တကယ် လိုအပ်နေသူများမို့ ပီတိလေးများလည်းဖြစ်ခဲ့ရပါတယ်ရှင်..” ဆိုပြီးတော့ ပီတိဖြစ်နေခဲ့ကြောင်း မျှဝေထားခဲ့ပါတယ်။ CeleGabar ပရိသတ်ကြီးရေ ခိုင်နှင်းဝေရဲ့ ပီတိဖြစ်ဖွယ်အလှူလေးရဲ့ ဗီဒီယိုဖိုငလေးကို ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source – Khine Hnin Wai
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Khine Hnin Wai
Chilli – CeleGabar