အူဝဲနဲ့ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ သတင်းတွေအပေါ် ပြန်လည်ဖြေရှင်းလာခဲ့တဲ့ အိန္ဒြာကျော်ဇင်ရဲ့ အစ်မဖြစ်သူ အိကျော်ဇင်

Posted on

ပရိသတ်ကြီးရေ အိန္ဒြာကျော်ဇင်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ အူဝဲနဲ့ ပတ်သက်ပြီး အူဝဲတစ်ယောက်အနုပညာအလုပ်တွေကို လုံးဝမလုပ်ကိုင်တော့ဘဲ ရပ်နားလိုက်ပြီဆိုတဲ့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

ပရိသတ်တွေကတော့ ဒီသတင်းကြောင့် တော်တော်လေးကို စိတ်မကောင်းဖြစ်နေခဲ့ပြီး အူဝဲရဲ့ အနုပညာစွမ်းရည်တွေကို နှမြောတသသဖြစ်နေခဲ့ကြပါတယ်။ သို့ပေမဲ့ ဒီသတင်းကတော့ သတင်းမှားတစ်ခုသာဖြစ်ကြောင်း အူဝဲရဲ့ အစ်မဖြစ်သူက ဒီနေ့မှာပဲ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “မောင်လေးပြေတီဦးနဲ့ညီမလေး အိန္ဒြာကျော်ဇင်တို့ရဲ့ သတင်းအမှားတွေအခုတလောခဏခဏတက်နေတာနဲ့ ပတ်သက်လို့ သူတို့ရဲ့အနုပညာကိုတန်ဖိုးထားပြီး ချစ်ပေးတဲ့ ပရိသတ်တွေအနေနဲ့ မိသားစုကတင်တဲ့သတင်းကလွဲလို့ဘယ်သတင်းမှ မယုံကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ညီမလေး အိန္ဒြာကျော်ဇင်ဟာ အခုအချိန်မှာ တစ်ချို့သော ကျန်းမာရေးပြဿနာတွေရှိလို့ ဆေးကုသမှုခံယူပြီး ဆရာဝန်ညွှန်ကြားချက်အတိုင်း အနားယူနေရတဲ့ အခြေအနေမှာပဲ ရှိနေပါသေးတယ်။

ကိုယ်တိုင်ပရိသတ်ရှေ့ကို မထွက်နိုင်ခင်မှာ သူချစ်တဲ့ ပရိသတ်နဲ့ ထိတွေ့နိုင်မယ့် နည်းလမ်းလေးတွေ စဉ်းစားနေတယ်လို့လဲ ညီမလေးကပြောပါတယ်။ဒါကြောင့် မိသားစုက အတည်ပြုထားခြင်း မရှိတဲ့ သတင်းအမှားတွေအတွက် မစိုးရိမ်ကြပါနဲ့လို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင့်။” ဆိုပြီးတော့ ပြန်လည်ဖြေရှင်းလာခဲ့ပါတယ်။ CeleGabar ပရိသတ်ကြီးရေ အူဝဲကတော့ ကျန်းမာရေးကြောင့် ဆေးကုသမှုခံယူနေတာကြောင့် ပရိသတ်နဲ့ အဆက်အသွယ်ပြတ်နေခဲ့တာပါတဲ့။ အူဝဲတစ်ယောက် အမြန်ဆုံး ကျန်းမာစေဖို့ ဆုတောင်းပေးခဲ့ကြပါဦးနော်။

Source – Ei Kyaw Zin
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Ei Kyaw Zin
Chilli – CeleGabar