မွေးနေ့အလှူအဖြစ် စတုဒီသာကျွေးမွေးလှူဒါန်းသွားမယ့် ဒီဇိုင်နာမျိုးမင်းစိုး

Posted on

ပရိသတ်ကြီးရေ မျိုးမငိးစိုးကတော့ ဒီဇိုင်နာတစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားတဲ့ နာမည်ကြီးဒီဇိုင်နာတစ်ယောက်ပဲဖြစ်ပါတယ်။ မျိုးမငိးစိုးကတော့ အလှူအတန်းတွေကို ရက်ရောစွာလှူဒါန်းလေ့ရှိတာကြောင့် ပရိသတ်တွေက ချီးကျူးပြီး အချစ်ပိုနေရတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။

မနက်ဖြန် ဇွန်လ (၁၂)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့အချစ်တော်ဖြစ်တဲ့ ဒီဇိုင်နာမျိုးမင်းစိုးရဲ့ မွေးနေ့ရက်မြတ်ကျရောက်တဲ့ နေ့ရက်လေးပဲဖြစ်ပါတယ်။ ဒီဇိုင်နာမျိုးမင်းစိုးကတော့ သူ့ရဲ့မွေးနေ့အလှူလေးအဖြစ် ကြက်သားကျောက်ဖရုံသီးသားပြွမ်း၊ ကုလားပဲနှပ်၊ သရက်ချဉ်သုတ်၊ ငရုတ်သီးငပိကြော်တို့နဲ့ စတုဒီသာကျွေးမွေးလှူဒါန်းတဲ့ အလှူလေးပြုလုပ်မှာဖြစ်ပြီး ၁၂၂လမ်း၊ ၄၉ လမ်း၊ ဗိုလ်ဗထူးလမ်း၊ ညည ၈၂ ၊ ၄၇ နှင့် ၄၈ လမ်းကြား ရတနာလမ်း၊ပြည်ကြီးတံခွန်မြို့နယ် ၊ သင်ပန်းကုန်း ရပ်ကွက်မှာ ကျွေးမွေးလှူဒါန်းမှာပဲဖြစ်ပါတယ်။

ဒါအပြင်လည်း ဒီဇိုင်နာမျိုးမင်းစိုးကတော့ သကျဓိတာသီလရှင်စာသင်တိုက်၊ နန်းဦးမြို့သစ်၊စစ်ကိုင်းမြို့ မှာ မွေးနေ့အလှူအနေနဲ့ ပရိယတ္တိ ပဋိပတ္တိ သာသနာ့တာဝန်ထမ်းဆောင်ကြသော ဆရာကြီး – ဆရာလေးအပါး(၃၀၀)ကျော်အားနေ့ဆွမ်းဆက်ကပ်လှူဒါန်တဲ့ အလှူလေးကိုလည်း ပြုလုပ်သွားဦးမှာဖြစ်ပါတယ်တဲ့ CeleGabar ပရိသတ်ကြီးရေ။

Source – Myo Min Soe
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-

ေမြးေန႔အလႉအျဖစ္ စတုဒီသာေကြၽးေမြးလႉဒါန္းသြားမယ့္ ဒီဇိုင္နာမ်ိဳးမင္းစိုး

ပရိသတ္ႀကီးေရ မ်ိဳးမငိးစိုးကေတာ့ ဒီဇိုင္နာတစ္ေယာက္အေနနဲ႔ ပရိသတ္ေတြရဲ႕ ခ်စ္ခင္မႈကို ရရွိထားတဲ့ နာမည္ႀကီးဒီဇိုင္နာတစ္ေယာက္ပဲျဖစ္ပါတယ္။ မ်ိဳးမငိးစိုးကေတာ့ အလႉအတန္းေတြကို ရက္ေရာစြာလႉဒါန္းေလ့ရွိတာေၾကာင့္ ပရိသတ္ေတြက ခ်ီးက်ဴးၿပီး အခ်စ္ပိုေနရတဲ့ သူတစ္ေယာက္လည္းျဖစ္ပါတယ္။

မနက္ျဖန္ ဇြန္လ (၁၂)ရက္ေန႔ေလးကေတာ့ ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ျဖစ္တဲ့ ဒီဇိုင္နာမ်ိဳးမင္းစိုးရဲ႕ ေမြးေန႔ရက္ျမတ္က်ေရာက္တဲ့ ေန႔ရက္ေလးပဲျဖစ္ပါတယ္။ ဒီဇိုင္နာမ်ိဳးမင္းစိုးကေတာ့ သူ႔ရဲ႕ေမြးေန႔အလႉေလးအျဖစ္ ၾကက္သားေက်ာက္ဖ႐ုံသီးသားႁပြမ္း၊ ကုလားပဲႏွပ္၊ သရက္ခ်ဥ္သုတ္၊ င႐ုတ္သီးငပိေၾကာ္တို႔နဲ႔ စတုဒီသာေကြၽးေမြးလႉဒါန္းတဲ့ အလႉေလးျပဳလုပ္မွာျဖစ္ၿပီး ၁၂၂လမ္း၊ ၄၉ လမ္း၊ ဗိုလ္ဗထူးလမ္း၊ ညည ၈၂ ၊ ၄၇ ႏွင့္ ၄၈ လမ္းၾကား ရတနာလမ္း၊ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ ၊ သင္ပန္းကုန္း ရပ္ကြက္မွာ ေကြၽးေမြးလႉဒါန္းမွာပဲျဖစ္ပါတယ္။

ဒါအျပင္လည္း ဒီဇိုင္နာမ်ိဳးမင္းစိုးကေတာ့ သက်ဓိတာသီလရွင္စာသင္တိုက္၊ နန္းဦးၿမိဳ႕သစ္၊စစ္ကိုင္းၿမိဳ႕ မွာ ေမြးေန႔အလႉအေနနဲ႔ ပရိယတၱိ ပဋိပတၱိ သာသနာ့တာဝန္ထမ္းေဆာင္ၾကေသာ ဆရာႀကီး – ဆရာေလးအပါး(၃၀၀)ေက်ာ္အားေန႔ဆြမ္းဆက္ကပ္လႉဒါန္တဲ့ အလွဴေလးကိုလည္း ျပုလုပ္သြားဦးမွာျဖစ္ပါတယ္တဲ့ CeleGabar ပရိသတ္ၾကီးေရ။

Source – Myo Min Soe
Chilli – CeleGabar