” အသက်၈၅နှစ်အရွယ် မိသားစုမရှိဘဲတစ်ယောက်ထဲရပ်တည်နေရတဲ့ အဘလူပျိုကြီးကို အလှူငွေလှူဒါန်းကူညီခဲ့တဲ့ မိုးစက်”

Posted on

CeleGabarပရိသတ်ကြီး​ေရမိုးစက်ကတော့တက်သစ်စလူရွှင်တော်လေးဖြစ်ပေမယ့် ပရဟိတလုပ်ငန်းတွေကို လုပ်ကိုင်ကာ သက်ကြီးရွယ်အိုတွေကို ကူညီထောက်ပံ့ပေးလျက်ရှိတာပါ။ သူ့ရဲ့ကူညီထောက်ပံ့မှုတွေကို ပရိသတ်တွေကလည်း ချီးကျူးကာမုဒိတာကာပွားလျက်ရှိတာပါ။


လက်ရှိမှာလည်း”“အဘ မြေးလေးကို တွေ့ရင် အကြောင်းကြားပေးပါလားကွယ် …အဘ သူမရှိတော့ မနေတတ်လို့ပါ…”ကျွန်တော့်ကို ညီမ တစ်ယောက် က အဘ ရှိတဲ့နေရာကို ညွှန်ပြပေးဖူးပါတယ် ။ဒီနေ့မှ Client တစ်ယောက်နဲ့ ချိန်းထားလို့မြောက်ဒဂုံ စစ်တောင်း City Mart ရှေ့အရောက်မှာအဘ ကို တွေ့လိုက်ရတာပေါ့ဗျာ ။“အဘ တွန်းလှည်း ဘာဖြစ်လို့လဲ …”“ဘာမှ မဖြစ်ပါဘူး သား …”“Aww မိုးရိပ်တွေလဲ တတ်လာတော့ စိတ်ပူလို့ပါ…အဘ အသက်ရော ဘယ်လောက်ရှိပြီလဲ …“(၈၅)နှစ်ပါ သား…”“ဒီဗူးတွေ ခွက်တွေက အဘ ဝယ်ရောင်းလုပ်တာလား..”မဟုတ်ပါဘူး…သားလမ်းမှာ တွေ့တာလေးတွေ ကောက်ထည့်လာတာပါ..”ဟုတ်လား ..မိုးတွေလဲ လာနေပြီ
ကျန်းမာရေး မကောင်း ဖြစ်နေဦးမယ်…ရော့ အဘ ပိုက်ဆံ တစ်သိန်း ယူပြီးပြန်တော့နော်..ဒါက သားတစ်ယောက်ထဲ ပေးတဲ့ ပိုက်ဆံမဟုတ်ပါဘူး သားနဲ့အတူ ပါဝင်လှူဒါန်းသူတွေရှိလို့အဘကို ချက်ချင်း လှူပေးနိုင်တာပါ …”ကျေးဇူးတင်ပါတယ် သား…ဟိုလေ …အဘ ကို တစ်ခု ကူညီပေးနိုင်ရင် ကူညီပေးပါဦးကွယ် ..၊ အဘက လူပျိုကြီးပါ
ဒါပေမယ့် အဘ တူမ ကမွေးတဲ့ မြေးလေးတစ်ယောက်ရှိတယ် ၊ အဲ့ဒီမြေးလေး ကို အဘဆီမှာထားခဲ့တုန်းက နို့ဗူးတိုက်ပြီး အဘ ကိုယ်တိုင်မွေးလာတာပါ ပြီးခဲ့တဲ့ ရက်က အဘ မြေးလေးကို သူတို့လာခေါ်သွားကြတယ်ကွယ်၊ သူတို့က ဘယ်မှာနေမှန်းလဲ မသိဘူး အဘ အခု မြေးလေး မရှိတော့ မနေတတ်လို့ပါ …”“အဘရယ်…ဟို အဘ မြေးလေးကရော
အသက် ဘယ်လောက်လောက် ရှိပြီလဲ…”“(၅)နှစ်ကျော်ဘဲ ရှိပါသေးတယ်သားရယ်

ညည ဆို အဘ ကို ဖက်ပြီးတော့ အိပ်တာသားရဲ့တကယ် အခု မနေတတ်လို့ ဘာမှလဲ စားချင်စိတ်
မရှိဘူး ၊ အဘ ကို ကူညီပေးပါဦးကွယ်…”ဟုတ်ကဲ့ပါ အဘ အခုတော့ မိုးတွေတတ်လာပြီအဘ လဲ ပိုက်ဆံလေး သိမ်းပြီး ပြန်တော့နော်..”“ဟုတ်ကဲ့ပါ သား…”
အဘ မပြန်ခင် အဘအကြောင်း သိရသလောက်ကတော့ အရှေ့ဒဂုံ (၁၀၈) ရပ်ကွက်မှာ
တစ်ယောက်ထဲနေပါတယ်တဲ့ ။အိမ်နီးနားမှာ ညီမတစ်ယောက်တော့ ရှိပေမယ့် အဘနဲ့ နေတာက (၅)နှစ်အရွယ် မြေးလေးတစ်ယောက်ထဲဘဲရှိတာတဲ့ဗျာ။အဘ ရဲ့ မြေးလေးနဲ့ အမြန်ဆုံဆည်းပါစေလို့
ဆုတောင်းရင်း ၊ ကျွန်တော်နဲ့အတူ
ပါဝင်လှူဒါန်းပေးပါသော အလှူရှင်အားလုံးလဲကျေးဇူးတင်ပါတယ်ခင်ဗျာ။🙏🙏🙏”ဆိုတဲ့စာလေးနဲ့ လှူဒါန်းရင်း ရင်နင့်ဖွယ့်အကြောင်းလေးကိုကြားသိခဲ့ရကြောင်းပြန်လည်ဝေမျှခဲ့တာပါ။CeleGabarပရိသတ်ကြီးရေ။

Koe- CeleGabar
Source- MoeSat
ZawgyiFontဖြင့်ဖတ်ရန်

” အသက္၈၅ႏွစ္အ႐ြယ္ မိသားစုမရွိဘဲတစ္ေယာက္ထဲရပ္တည္ေနရတဲ့ အဘလူပ်ိဳႀကီးကို အလႉေငြလႉဒါန္းကူညီခဲ့တဲ့ မိုးစက္”

 

CeleGabarပရိသတ္ႀကီး​ေရမိုးစက္ကေတာ့တက္သစ္စလူ႐ႊင္ေတာ္ေလးျဖစ္ေပမယ့္ ပရဟိတလုပ္ငန္းေတြကို လုပ္ကိုင္ကာ သက္ႀကီး႐ြယ္အိုေတြကို ကူညီေထာက္ပံ့ေပးလ်က္ရွိတာပါ။ သူ႔ရဲ႕ကူညီေထာက္ပံ့မႈေတြကို ပရိသတ္ေတြကလည္း ခ်ီးက်ဴးကာမုဒိတာကာပြားလ်က္ရွိတာပါ။


လက္ရွိမွာလည္း”“အဘ ေျမးေလးကို ေတြ႕ရင္ အေၾကာင္းၾကားေပးပါလားကြယ္ …အဘ သူမရွိေတာ့ မေနတတ္လို႔ပါ…”ကြၽန္ေတာ့္ကို ညီမ တစ္ေယာက္ က အဘ ရွိတဲ့ေနရာကို ၫႊန္ျပေပးဖူးပါတယ္ ။ဒီေန႔မွ Client တစ္ေယာက္နဲ႔ ခ်ိန္းထားလို႔
ေျမာက္ဒဂုံ စစ္ေတာင္း City Mart ေရွ႕အေရာက္မွာအဘ ကို ေတြ႕လိုက္ရတာေပါ့ဗ်ာ ။“အဘ တြန္းလွည္း ဘာျဖစ္လို႔လဲ …”“ဘာမွ မျဖစ္ပါဘူး သား …”“Aww မိုးရိပ္ေတြလဲ တတ္လာေတာ့ စိတ္ပူလို႔ပါ…အဘ အသက္ေရာ ဘယ္ေလာက္ရွိၿပီလဲ …”“(၈၅)ႏွစ္ပါ သား…”“ဒီဗူးေတြ ခြက္ေတြက အဘ ဝယ္ေရာင္းလုပ္တာလား..”မဟုတ္ပါဘူး…သားလမ္းမွာ ေတြ႕တာေလးေတြ ေကာက္ထည့္လာတာပါ..”ဟုတ္လား ..မိုးေတြလဲ လာေနၿပီ
က်န္းမာေရး မေကာင္း ျဖစ္ေနဦးမယ္…ေရာ့ အဘ ပိုက္ဆံ တစ္သိန္း ယူၿပီးျပန္ေတာ့ေနာ္..ဒါက သားတစ္ေယာက္ထဲ ေပးတဲ့ ပိုက္ဆံမဟုတ္ပါဘူး သားနဲ႔အတူ ပါဝင္လႉဒါန္းသူေတြရွိလို႔
အဘကို ခ်က္ခ်င္း လႉေပးႏိုင္တာပါ …”ေက်းဇူးတင္ပါတယ္ သား…ဟိုေလ …အဘ ကို တစ္ခု ကူညီေပးႏိုင္ရင္ ကူညီေပးပါဦးကြယ္ ..၊ အဘက လူပ်ိဳႀကီးပါဒါေပမယ့္ အဘ တူမ ကေမြးတဲ့ ေျမးေလးတစ္ေယာက္ရွိတယ္ ၊ အဲ့ဒီေျမးေလး ကို အဘဆီမွာထားခဲ့တုန္းက ႏို႔ဗူးတိုက္ၿပီး အဘ ကိုယ္တိုင္ေမြးလာတာပါ ၿပီးခဲ့တဲ့ ရက္က အဘ ေျမးေလးကို သူတို႔လာေခၚသြားၾကတယ္ကြယ္၊ သူတို႔က ဘယ္မွာေနမွန္းလဲ မသိဘူး အဘ အခု ေျမးေလး မရွိေတာ့ မေနတတ္လို႔ပါ …”“အဘရယ္…ဟို အဘ ေျမးေလးကေရာ
အသက္ ဘယ္ေလာက္ေလာက္ ရွိၿပီလဲ…”“(၅)ႏွစ္ေက်ာ္ဘဲ ရွိပါေသးတယ္သားရယ္

ညည ဆို အဘ ကို ဖက္ၿပီးေတာ့ အိပ္တာသားရဲ႕တကယ္ အခု မေနတတ္လို႔ ဘာမွလဲ စားခ်င္စိတ္
မရွိဘူး ၊ အဘ ကို ကူညီေပးပါဦးကြယ္…”ဟုတ္ကဲ့ပါ အဘ အခုေတာ့ မိုးေတြတတ္လာၿပီအဘ လဲ ပိုက္ဆံေလး သိမ္းၿပီး ျပန္ေတာ့ေနာ္..”“ဟုတ္ကဲ့ပါ သား…”
အဘ မျပန္ခင္ အဘအေၾကာင္း သိရသေလာက္ကေတာ့ အေရွ႕ဒဂုံ (၁၀၈) ရပ္ကြက္မွာ
တစ္ေယာက္ထဲေနပါတယ္တဲ့ ။အိမ္နီးနားမွာ ညီမတစ္ေယာက္ေတာ့ ရွိေပမယ့္ အဘနဲ႔ ေနတာက (၅)ႏွစ္အ႐ြယ္ ေျမးေလးတစ္ေယာက္ထဲဘဲရွိတာတဲ့ဗ်ာ။အဘ ရဲ႕ ေျမးေလးနဲ႔ အျမန္ဆုံဆည္းပါေစလို႔
ဆုေတာင္းရင္း ၊ ကြၽန္ေတာ္နဲ႔အတူ
ပါဝင္လႉဒါန္းေပးပါေသာ အလႉရွင္အားလုံးလဲေက်းဇူးတင္ပါတယ္ခင္ဗ်ာ။🙏🙏🙏”ဆိုတဲ့စာေလးနဲ႔ လႉဒါန္းရင္း ရင္နင့္ဖြယ့္အေၾကာင္းေလးကိုၾကားသိခဲ့ရေၾကာင္းျပန္လည္ေဝမွ်ခဲ့တာပါ။CeleGabarပရိသတ္ႀကီးေရ။

Koe- CeleGabar
Source- MoeSat