” နောင်သံသရာအတွက်ရည်မှန်းကာ တော်ရုံလူတွေ မလုပ်နိုင်တဲ့ နေ့စဥ် လစ​ဥ် လှူဒါန်းလျက်ရှိတဲ့ အလှူကုသိုလ်တွေကို မျှဝေပြောပြလာတဲ့နှိုင်းယှဥ်မြင့်မိုရ်”

Posted on

CeleGabar ပရိသတ်ကြီးရေ ဇာတ်ပို့ဇာတ်ရန်တစ်ယောက်ဖြစ်တဲ့ နှိုင်းယှဥ်မြင့်မိုရ်ကတော့ အနုပညာနယ်ပယ်မှာကျင်လည်နေတာ နှစ်အတော်ကြာခဲ့ပြီပဲ ဖြစ်ပါတယ်။ ကျရာဇာတ်ကောင်ကို ဟာသဖြစ်ဖြစ်အကြမ်းအရမ်းဖြစ်ဖြစ် မင်းသားမင်းသမီးတွေရဲ့ ဘေးကနေ ဝိုင်းဝန်းပံ့ပိုးပေးတတ်တဲ့ ဇာတ်ရံကောင်းတစ်ဦးလို့ဆိုရမှာပါ။


လက်ရှိအချိန်ထိ စိန်Live saleတွေမှာ ထိပ်ဆုံးကနေရာယူထားတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။သူမအနေနဲ့ အောင်မြင်လာတာနဲ့အမျှပိုပိုပြီးအလှူအတန်းတွေကို အလှူရေစက်လက်နဲ့မကွာဆိုသလို အမြဲလှူ​ဒါန်းကုသိုလ်ယူနေသူပါ။


​ဒီနေ့မှာလည်း” နေ့စဉ်မပျက် လှုနေကြအလှုနဂါးရစ်တောင် ဆရာတော်ကြီးရဲ့ အလှု 5မျိုးအတွက် တနေ့ 50000 ကျပ်🙏🙏🙏လမ်းဘေးတိလေးတွေအတွက် တစ်လ တစ်သိန်းကျပ်🙏ဒီလမှစ မျက်လုံးလစ်လပ်နေသူတွေကို တစ်လတစ်ယောက် အလှု 🙏🙏🙏ငါသေရင် ငါ‌့နောက်ကို ဒါတွေပါမှာတော့ သေချာတယ်”ဆိုတဲ့စာလေးနဲ့ နေ့စဥ်လစဥ်မပြတ် လှူဒါန်းမှုတွေကိုပြောပြခဲ့တာပါ။CeleGabarပရိသတ်တွေလည်း နှိုင်းယှဥ်ရဲ့မွန်မြတ်လှတဲ့နေ့စဥ်လစဥ်မပြတ်လှူဒါန်းမှုတွေကိုသာဓုခေါ်ခဲ့ကြပါဦးနော်။

Koe-CeleGabar
Soure – Nying Shin
ZawgyiFontဖြင့်ဖတ်ရန်


 






Koe-CeleGabar
Soure – Nying Shin