အဖွားဖြစ်သူရဲ့ မွေးနေ့မှာ အဟာရဒါနအလှူလေးပြုလုပ်ခဲ့တဲ့ မေသက်ထားဆွေ
Posted on
ပရိသတ်ကြီးရေ မေသက်ထားဆွေကတော့ မြန်မာသံစဉ်သီချင်းတွေကို ပိုင်နိုင်စွာသီဆိုနိုင်တဲ့ ပရိသတ်အချစ်တော် လူငယ်အဆိုတော်မလေးပဲဖြစ်ပါတယ်။ အသက်သာငယ်ပေမဲ့ အနုပညာစွမ်းရည်ပြည့်ဝလှတာကြောင့် လူကြီးလူငယ်မရွေးပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။
မေသက်ထားတွေကတော့ မနေ့ကဇွန်လ (၁၁)ရက်နေ့မှာ အဟာရဒါနအလှူလေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ အလှူလေးကတော့ သူ့ရဲ့အဖွားဖြစ်သူ အသက် (၈၂)နှစ်ပြည့်မွေးနေ့အလှူလေးအနေနဲ့ ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ မွေးနေ့အလှူလေးအဖြစ် နေအိမ်မှာ သံဃာတော်တွေကို ဆွမ်းကပ်လှူခဲ့ပြီး လူအယောက် (၁၅၀)စာအဟာရဒါနအလှူလေးပြုလုပ်ခဲ့ပါတယ်။
မေသက်ထားတွေကတော့ အဖွားဖြစ်သူရဲ့ မွေးနေ့အလှူလေးပြုလုပ်ခဲ့တဲ့ ဗီဒီယိုလေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါသေးတယ်။ CeleGabar ပရိသတ်ကြီးရေ မေသက်ထားဆွေရဲ့ အဖွားဖြစ်မွေးနေ့အတွက်ပြုလုပ်ခဲ့တဲ့ကောင်မှုကုသိုလ်တွေကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။
Source – Maythethtar Swe
Chilli – CeleGabar
-Zawgyi Font ဖြင့် ဖတ်ရန်-
Chilli – CeleGabar