ပရိသတ်ရဲ့အချစ်တော်မင်းသမီးဆုပန်ထွာကတော့ အိမ်ထောင်ပြုပြီး နောက်ပိုင်းမှာ မိသားစုကိုပဲအချိန်ပေးရင်း ပျော်ရွှင်အေးချမ်းတဲ့မိသားစုဘဝလေးကို တည်ဆောက်ထားသူပါ။ အနုပညာအလုပ်တွေ မလုပ်ဖြစ်တော့ပေမယ့်လည်း အမာခံပရိသတ်တွေရဲ့ ဝန်းရံအားပေးမှုကို ယနေ့ထက်တိုင် ရရှိထားသူတစ်ယောက်ပါ။
ပရိသတ်တွေနဲ့အဆက်သွယ်မပြတ်ရအောင် သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် တနေ့တာအကြောင်းအရာလေးတွေနဲ့ သားလေး Roar Raor ရဲ့အကြောင်းတွေပါ မျှဝေလေ့ရှိသူမို့ ပရိသတ်တွေကတော့ Raor Roar လေးကိုပါ အချစ်ပိုနေရတာလည်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ မေမေ့ကို နှိပ်ပေးနေတဲ့ သားလေး Roar ရဲ့ ဗွီဒီယိုလေးနဲ့အတူ “ညတိုင်းနှိပ်ပေးတတ်တဲ့ သားလေး။ ချစ်လွန်းလို့လေ၊သူအမြဲမေးတာ။ ” မေမေအညောင်းပြေလား”…ဒီမေမေမကြွေဘဲ ခံနိုင်မလား” လို့ရေးသားကာ မေမေ့ကို သိတတ်လွန်းတဲ့သားလေးအကြောင်းကို မျှဝေခဲ့ပါတယ် ပရိသတ်ကြီးရေ…
ဒါ့အပြင် ” လိမ္မာလွန်းသော သားလေး။ တခါတလေဒီအရွယ်ပြောရဆိုရခက်တာတွေကြုံရသလို ဒီလိုလိမ္မာတာလေးတွေလည်းရှိပါတယ်” ဆိုပြီးတော့လည်း သားလေးနဲ့ပတ်သက်ပြီး မျှဝေခဲ့ပါသေးတယ်။ ပရိသတ်ကြီးရေ မေမေ့ကို ညတိုင်းနှိပ်ပေးကုသိုလ်ယူတတ်တဲ့ သားလေး Roar Roar ရဲ့ဗွီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source – Roar Roar
Rainbow- Cele Gabar