” ပျိုတိုင်းကြိုက် အမ်ိုက်စားခန္ဓာကိုယ်နဲ့ ပရိတ်သတ်ရှေ့ပြန်လည်ရောက်ရှိလာတဲ့ ကလေးသရုပ်ဆောင် အိန်အိမ်း”

Posted on

CeleGabarပရိသတ်ကြီးထဲမှာ ငယ်ငယ်က ကြော်ငြာတွေကိုမပြတ်တမ်းကြည့်ရှူခဲ့တဲ့သူတွေရှိရင် ကလေးသရုပ်ဆောင် အိန်အိမ်းကို မှတ်မိကြမယ်ထင်ပါတယ်နော်။နိုင်ငံကျော်မင်းသားကြီးခန့်စည်သူနဲ့တွဲဖက်ကာBAB ကြော်ငြာကို ရိုက်ကူးခဲ့တာဖြစ်ပြီး ပရိသတ်တွေကလည်း BABကြော်ငြာလေးနဲ့တွဲဖက်မှတ်မိနေကြဆဲပါ။အိန်အိမ်းကတော့ အသက်၁၂နှစ်အရွယ်မှာ အနုပညာအလုပ်ကိုနောက်ဆုံရိုက်ကူးခဲ့ပြီး TVဖန်သားပြင်ထက်ကပျောက်ကွယ်နေခဲ့တာကြာမြင့်ခဲ့ပါပြီ။


ဒီနေ့မှာတော့CeleGabarအဖွဲ့သားတွေက အိန်အိမ်းနဲ့တွေ့ဆုံခဲ့ပြီးမေးမြန်းမှုတွေပြုလုပ်ခဲ့တာပါ။” ဒီကာလမှာတော့ ကျွန်တော်အားကစားသမားအနေနဲ့animal flowပေါ့နော်….ကိုယ်ခန္ဓာနဲ့ပဲအသုံးပြုပြီး မြေကြီးဆွဲအားနဲ့ တိရိစ္ဆာန်လှုပ်ရှားမှုတွေနဲ့အသုံးပြုပြီး training လုပ်တဲ့ Animal Flow trainng ကို မြန်မာကိုယ်စားပြုပြီး Internationally Promote လုပ်ပေးနေပါတယ်။ကျွန်တော်အခုအသက်၂၅နှစ်ရှိပါပြီ။ ကလေးဘဝမှာ သရုပ်ဆောင်အလုပ်ကိုလုပ်ဖြစ်ခဲ့တာကတော့ဝါသနာလည်းပါတယ်။ အဓိကကတော့ကျွန်တော့်အမေအားပေးမှုကြောင့်လည်းပါပါတယ်။ငယ်ငယ်ထဲကကိုယ့်ဝင်ငွေနဲ့အရုပ်တွေဝယ်ရတာကို အရမ်းသဘောကျတယ်။ငယ်ငယ်ထဲကကိုယ်ဝါသနာပါတာကိုလုပ်ပြီးရလာတဲ့ငွေလေးနဲ့ ကိုယ်လိုချင်တာဝယ်ရတာကိုပီတိဖြစ်တယ်။”

“အသက်ကြီးလာတော့ အနုပညာမလုပ်ဖြစ်တော့တာကတော့ နောက်ဆုံးရိုက်ခဲ့တဲ့ မားမားရိန်းဂျားကြော်ငြာမှာအသက်၁၂နှစ်ရှိပြီ ။ အသက်၁၂နှသ်ဆိုတော့လူကြီးနဲ့ကလေးကြားထဲကပြောင်းတဲ့အရွယ်ဖြစ်နေပြီ​။ သူငယ်ချင်းတွေကလည်းစချင်လာတာရယ်ကျွန်တော်ကလည်းနည်းနည်း ရှက်လာတာရယ်နဲ့ ကြီးလာတော့ စာတွေလုပ်လာရတာကြောင့်လည်းအနုပညာအပိုင်းကိုနည်းနည်းလေးအားလျော့လိုက်ရတာပါ။ ”ဆိုကာ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒါ့အပြင် အိန်အိမ်းအနေနဲ့ အနုပညာအလုပ်တွေဆက်မလုပ်ဖြစ်ပေမယ့်အနုပညာအသိုင်းအဝိုင်းနဲ့ကတော့အဆက်မပြတ်ရှိနေကာ ညီမဝမ်းကွဲ သင်ဇာ တို့ အစ်မ ဝါဆိုတို့အပြင် အနုပညာသူငယ်ချင်းတွေနဲ့လည်းtrainingလေးတွေပြုလုပ်ကာ ဗီဒီယိုလေးတွေရိုက်ကူးပေးဖြစ်နေတယ်လို့လည်းသိရပါတယ်။အိုက်တင်တွေသာမလုပ်တာ ကင်မရာရှေ့မှာအမြဲရှိဖြစ်ကြောင်းပြောပြလာခဲ့ပါတယ်။CeleGabarပရိသတ်တွေကော ငယ်ငယ်ကလေးဘဝကအိန်အိမ်းနဲ့ ပြန်လည်ထွက်ပေါ်လာတဲ့ အမိုက်စားလူငယ်လေးအိန်အိမ်း ဘယ်ပုံစံလေးကို ပိုသဘောကျလဲဆိုတာ မှတ်ချက်ပေးခဲ့ကြပါဦးနော်။

Koe- CeleGabar
Source -CeleGabar
Photo – CeleGabar

” ပ်ိဳတိုင္းႀကိဳက္ အမ္ိုက္စားခႏၶာကိုယ္နဲ႔ ပရိတ္သတ္ေရွ႕ျပန္လည္ေရာက္ရွိလာတဲ့ ကေလးသ႐ုပ္ေဆာင္ အိန္အိမ္း”

 

CeleGabarပရိသတ္ႀကီးထဲမွာ ငယ္ငယ္က ေၾကာ္ျငာေတြကိုမျပတ္တမ္းၾကည့္ရႉခဲ့တဲ့သူေတြရွိရင္ ကေလးသ႐ုပ္ေဆာင္ အိန္အိမ္းကို မွတ္မိၾကမယ္ထင္ပါတယ္ေနာ္။ႏိုင္ငံေက်ာ္မင္းသားႀကီးခန္႔စည္သူနဲ႔တြဲဖက္ကာBAB ေၾကာ္ျငာကို ႐ိုက္ကူးခဲ့တာျဖစ္ၿပီး ပရိသတ္ေတြကလည္း BABေၾကာ္ျငာေလးနဲ႔တြဲဖက္မွတ္မိေနၾကဆဲပါ။အိန္အိမ္းကေတာ့ အသက္၁၂ႏွစ္အ႐ြယ္မွာ အႏုပညာအလုပ္ကိုေနာက္ဆုံ႐ိုက္ကူးခဲ့ၿပီး TVဖန္သားျပင္ထက္ကေပ်ာက္ကြယ္ေနခဲ့တာၾကာျမင့္ခဲ့ပါၿပီ။



ဒီေန႔မွာေတာ့CeleGabarအဖြဲ႕သားေတြက အိန္အိမ္းနဲ႔ေတြ႕ဆုံခဲ့ၿပီးေမးျမန္းမႈေတြျပဳလုပ္ခဲ့တာပါ။” ဒီကာလမွာေတာ့ ကြၽန္ေတာ္အားကစားသမားအေနနဲ႔animal flowေပါ့ေနာ္….ကိုယ္ခႏၶာနဲ႔ပဲအသုံးျပဳၿပီး ေျမႀကီးဆြဲအားနဲ႔ တိရိစာၦန္လႈပ္ရွားမႈေတြနဲ႔အသုံးျပဳၿပီး training လုပ္တဲ့ Animal Flow trainng ကို ျမန္မာကိုယ္စားျပဳၿပီး Internationally Promote လုပ္ေပးေနပါတယ္။ကြၽန္ေတာ္အခုအသက္၂၅ႏွစ္ရွိပါၿပီ။ ကေလးဘဝမွာ သ႐ုပ္ေဆာင္အလုပ္ကိုလုပ္ျဖစ္ခဲ့တာကေတာ့ဝါသနာလည္းပါတယ္။ အဓိကကေတာ့ကြၽန္ေတာ့္အေမအားေပးမႈေၾကာင့္လည္းပါပါတယ္။ငယ္ငယ္ထဲကကိုယ့္ဝင္ေငြနဲ႔အ႐ုပ္ေတြဝယ္ရတာကို အရမ္းသေဘာက်တယ္။ငယ္ငယ္ထဲကကိုယ္ဝါသနာပါတာကိုလုပ္ၿပီးရလာတဲ့ေငြေလးနဲ႔ ကိုယ္လိုခ်င္တာဝယ္ရတာကိုပီတိျဖစ္တယ္။”


“အသက္ႀကီးလာေတာ့ အႏုပညာမလုပ္ျဖစ္ေတာ့တာကေတာ့ ေနာက္ဆုံး႐ိုက္ခဲ့တဲ့ မားမားရိန္းဂ်ားေၾကာ္ျငာမွာအသက္၁၂ႏွစ္ရွိၿပီ ။ အသက္၁၂ႏွသ္ဆိုေတာ့လူႀကီးနဲ႔ကေလးၾကားထဲကေျပာင္းတဲ့အ႐ြယ္ျဖစ္ေနၿပီ​။ သူငယ္ခ်င္းေတြကလည္းစခ်င္လာတာရယ္ကြၽန္ေတာ္ကလည္းနည္းနည္း ရွက္လာတာရယ္နဲ႔ ႀကီးလာေတာ့ စာေတြလုပ္လာရတာေၾကာင့္လည္းအႏုပညာအပိုင္းကိုနည္းနည္းေလးအားေလ်ာ့လိုက္ရတာပါ။ ”ဆိုကာ ျပန္လည္ေျဖၾကားခဲ့ပါတယ္။ ဒါ့အျပင္ အိန္အိမ္းအေနနဲ႔ အႏုပညာအလုပ္ေတြဆက္မလုပ္ျဖစ္ေပမယ့္အႏုပညာအသိုင္းအဝိုင္းနဲ႔ကေတာ့အဆက္မျပတ္ရွိေနကာ ညီမဝမ္းကြဲ သင္ဇာ တို႔ အစ္မ ဝါဆိုတို႔အျပင္ အႏုပညာသူငယ္ခ်င္းေတြနဲ႔လည္းtrainingေလးေတြျပဳလုပ္ကာ ဗီဒီယိုေလးေတြ႐ိုက္ကူးေပးျဖစ္ေနတယ္လို႔လည္းသိရပါတယ္။အိုက္တင္ေတြသာမလုပ္တာ ကင္မရာေရွ႕မွာအၿမဲရွိျဖစ္ေၾကာင္းေျပာျပလာခဲ့ပါတယ္။CeleGabarပရိသတ္ေတြေကာ ငယ္ငယ္ကေလးဘဝကအိန္အိမ္းနဲ႔ ျပန္လည္ထြက္ေပၚလာတဲ့ အမိုက္စားလူငယ္ေလးအိန္အိမ္း ဘယ္ပုံစံေလးကို ပိုသေဘာက်လဲဆိုတာ မွတ္ခ်က္ေပးခဲ့ၾကပါဦးေနာ္။

Koe- CeleGabar
Source -CeleGabar
Photo – CeleGabar