ဟိုကုပ်တက် ဒီကုပ်တက်နဲ့ အဆော့သန်တဲ့ အာကြီးရဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကို မျှဝေလာခဲ့တဲ့ ခိုင်နှင်းဝေ

Posted on

ပရိသတ်ကြီးရေ အာကြီးကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ခိုင်နှင်းဝေရဲ့ ကလေးတွေထဲက တစ်ယောက်ပဲဖြစ်ပါတယ်။ အသက်အရွယ်နဲ့ မလိုက်လောက်အောင် လည်လွန်းတတ်လွန်းတဲ့ အပြင် မေမေခိုင်နှင်းဝေကိုလည်း ချွဲတတ်လွန်းတာကြောင့် အချစ်ပိုနေရတာလည်းဖြစ်ပါတယ်။

အာကြီးကတော့ လက်ရှိမှာ (၁)နှစ်ဝန်းကျင်အရွယ်ကို ရောက်ရှိနေခဲ့ပြီး တော်တော်လေးကိုလည်း လည်နေတတ်နေတဲ့အပြင် အဆော့လည်း တအားကို သန်လွန်းနေခဲ့ပါပြီ။ ဂေဟာမှာ ဟိုပေါ်ကုပ်တတ် ဒီပေါ်ကုပ်တတ်နဲ့ကို တော်တော်လေးလည်း သန်သန်မာမာနဲ့ ဆော့ကစားနေခဲ့ပြီပဲဖြစ်ပါတယ်။ မေမေခိုင်နှင်းဝေကတော့ မနေ့က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ပရိသတ်တွေအတွက် ဗီဒီယိုလေးတစ်ခုကို မျှဝေလာခဲ့ပါတယ်။

ဗီဒီယိုလေးထဲမှာတော့ အာကြီးအပါအဝင် (၁)နှစ်ဝန်းကျင်ကလေးတွေ အဆော့သန်လွန်လှပြီး ဆော့ကစားနေကြတာကို ရိုက်ကူးထားခဲ့တာပဲဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးရေ ကလေးတွေအခုလို ကျန်းမာရေးတွေကောင်းသန်မာနေတာတွေ့ရတော့ တကယ်ကို ဝမ်းသားပီတိဖြစ်မိရပါတယ်နော်။

Source – Khine Hnin Wai
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Khine Hnin Wai
Chilli – CeleGabar