“အဘွားကွယ်လွန်ခဲ့တာ၁၁နှစ်ပြည့်အနေနဲ့ရည်စူးကာ လှူဒါန်းမှုတွေကိုယ်စား ပြုလုပ်ခိုင်ခဲ့တဲ့ ပိုပို”

Posted on

CeleGabarပရိသတ်ကြီးရေ ကိုယ်ပိုင် studioလေးတည်ထောင်ကာ ကိုယ်ပိုင်သီချင်းတွေကို သီဆိုလေ့ရှိတဲ့ အဆိုတော်မလေး ပိုပိုကို ပရိသတ်တွေသတိရနေကြမယ်ထင်ပါတယ်နော်။ ပိုပိုကတော့ ခံစားချက်တွေနဲ့ တိုက်ဆိုင်လွန်းတဲ့ သီချင်းတွေကို ကိုယ်တိုင်ရေးစပ်ပြီး ကိုယ်တိုင်သီဆိုလေ့ရှိတာကြောင့် ပရိသတ်တွေအကြိုက်နဲ့ ထပ်တူကျတဲ့အဆိုတော်တစ်ဦးပါ။

သူမအနေနဲ့အခုချိန်ဖမ်းဆီးထိန်းသိမ်းခံထားရပေမယ့် သူမဘဝရဲ့ကျေးဇူးရှင်အဘွားအတွက်လှူဒါန်းမှုတွေကိုတော့ကိုယ်စားပြုလုပ်ပေးခိုင်းဆဲပါ။ ငယ်ဘဝမိဘမဲ့ဖြစ်ပေမယ့် တစ်ယောက်တည်းသောအဘွားရဲ့ပြုစုပျိုးထောင်မှုနဲ့ကြီးပြင်းခဲ့ရတဲ့သူမရဲ့ဘဝလေးကို ပရိသတ်တွေသိပြီးသားဖြစ်မှာပါ။


“မနေ့က ၁၂ရက်နေ့ အမပိုပိုရဲ့ အဘွားကွယ်လွန်ခြင်း ၁၁နှစ်ပြည့် နဲ့ ကွယ်လွန်သူများအားရည်စူး၍ admin တို့က မဟာဝိဟာရကျောင်းတိုက်မှာ တိုးချဲ့ ဓမ္မာရုံ ဆောက်လုပ်ရန်အတွက် မပိုပိုကိုယ်စား အလှူငွေသွားရောက်လှူဒါန်းခဲ့ပါတယ် နတ်လူ သာဓု ခေါ်စေသော် 🙏🏽🙏🏽🙏🏽”ဆိုတဲ့စာလေးနဲ့ သူမရဲ့အဘွားကွယ်လွန်ခဲ့တာ၁၁နှစ်ပြည့်အတွက်လှူဒါန်းမှုတွေပြုလုပ်ဖြစ်ခဲ့တာပါ။ CeleGabarပရိသတ်တွေလည်းပိုပိုတစ်ယောက်အမြန်ဆုံးလွတ်မြောက်ပြီးကုသိုလ်ရေးတွေကိုယ်တိုင်ပြုလုပ်နိုင်ဖို့ဆုတောင်းပေးခဲ့ကြပါဦးနော်။

Koe-CeleGabar
Soure – ပိုပို
ZawgyiFontဖြင့်ဖတ်ရန်






Koe-CeleGabar
Soure – ပိုပို