ခုချိန်ကတည်းက ဖေဖေသားဂန်းနဲ့ အကျင့်တူနေတဲ့ သမီးလေးရဲ့ အကြောင်းကိုပြောပြလာတဲ့ ဘေဘီမောင်

Posted on

ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသမီးချောလေးပဲဖြစ်ပါတယ်။ မကြာခင်အချိန်မှာတော့ ဘေဘီမောင်က ပထမဆုံးရင်သွေးလေးကို မွေးဖွားတော့မှာဖြစ်တာကိုလည်း ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါနော်။

ဘေဘီမောင်ကတော့ ဒီနေ့မှာ ဗိုက်ထဲက သမီးလေးရဲ့ မျက်နှာကို မြင်ရအောင် 4D သွားရောက်ရိုက်ကူးခဲ့ပါတယ်။ 4D သွားရောက်ရိုက်ကူးပြီးချိန်မှာတော့ ဖေဖေသားဂန်းနဲ့ အခုချိန်ဗိုက်ထဲမှာကတည်းက အကျင့်တွေတူနေကြောင်း “ငါ့သမီးနှယ့်နော် ဖအေတူထင်ပါရဲ့ 4Dရိုက်တာကို အမေရဲ့အချင်းနားကွယ်ပြီးနေတယ်

သူ့မျက်နှာလေးတစ်ခြမ်းလောက်ပဲမြင်ရတယ် ကင်မရာမရိုက်ချင်ဘူးထင်တယ် သူ့အဖေလိုပဲ” ဆိုပြီး အဖေနဲ့အကျင့်တူတာတွေ အခုကတည်းကပြနေကြောင်း ရေးသားမျှဝေထားခဲ့ပါတယ်။ CeleGabar ပရိသတ်ကြီးရေ သမီးလေးကတော့ ဖေဖေနဲ့ တူတူ မေမေနဲ့တူတူ အချောလေးဖြစ်မှာပါပဲနော်။

Source – Thandar Zaw
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Thandar Zaw
Chilli – CeleGabar