သမီးလေးရဲ့ မွေးနေ့အလှူအဖြစ် ဆွမ်းကပ်အလှူလေးပြုလုပ်ခဲ့တဲ့ လင်းဇာနည်ဇော်

Posted on

CeleGabar ပရိသတ်ကြီးရေ မြူလင်းကိုကိုကတော့ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ သရုပ်ဆောင် လင်းဇာနည်ဇော်ရဲ့ တစ်ဦးတည်းသော သမီးချောလေးပဲဖြစ်ပါတယ်။ မနေ့က ဇွန်လ (၁၂)ရက်နေ့လေးကတော့ လင်းဇာနည်ဇော်ရဲ့ သမီးလေး မြူလင်းကိုကိုရဲ့ မွေးနေ့ကျရောက်ခဲ့တဲ့ နေ့ရက်လေးပဲဖြစ်ပါတယ်။

လင်းဇာနည်ဇော်ကတော့ သမီးလေးရဲ့ မွေးနေ့အလှူအနေနဲ့ “ငွေကြာရံ” ကျောင်းတိုက်မှာ အရုဏ်ဆွမ်းဆပ်ကပ်လှူဒါန်းတဲ့ အလှူလေးပြုလုပ်ခဲ့ပါတယ်။ သမီးလေးရဲ့ မွေးနေ့လေးအတွက်ကိုလည်း “Happy Birthday မေ့သမီးလေး အေးချမ်း ၊ ကျန်းမာ အသက်ရှည် အနာမဲ့ပါစေ။ အရာရာကိုတတ်သိနားလည် ယဉ်ကျေးလိမ္မာစွာနဲ့ ဘဝခရီးကို ပျော်ရွှင်စွာလျှောက်လှမ်းနိုင်ပါစေ။ကြွက်ကလေးရေ” ဆိုပြီးတော့လည်း မွေးနေ့ဆုမွန်ကောင်းတောင်းပေးထားခဲ့ပါသေးတယ်။

အရုဏ်ဆွမ်းကပ်လှူဒါန်းခဲ့တဲ့ အလှူပုံရိပ်လေးတွေကိုလည်း လင်းဇာနည်ဇော်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါသေးတယ်။ CeleGabar ပရိသတ်ကြီးရေ မြူလင်းကိုကိုလေးတောင် တော်တော်လေးကို အရွယ်ရောက်လာပြီး မေမေလင်းဇာနည်ဇော်လိုပဲ အချောလေးတစ်ယောက်ဖြစ်လာပြီနော်။

Source – Myu Lin Ko Ko
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-

သမီးေလးရဲ႕ ေမြးေန႔အလႉအျဖစ္ ဆြမ္းကပ္အလႉေလးျပဳလုပ္ခဲ့တဲ့ လင္းဇာနည္ေဇာ္

CeleGabar ပရိသတ္ႀကီးေရ ျမဴလင္းကိုကိုကေတာ့ ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ျဖစ္တဲ့ သ႐ုပ္ေဆာင္ လင္းဇာနည္ေဇာ္ရဲ႕ တစ္ဦးတည္းေသာ သမီးေခ်ာေလးပဲျဖစ္ပါတယ္။ မေန႔က ဇြန္လ (၁၂)ရက္ေန႔ေလးကေတာ့ လင္းဇာနည္ေဇာ္ရဲ႕ သမီးေလး ျမဴလင္းကိုကိုရဲ႕ ေမြးေန႔က်ေရာက္ခဲ့တဲ့ ေန႔ရက္ေလးပဲျဖစ္ပါတယ္။

လင္းဇာနည္ေဇာ္ကေတာ့ သမီးေလးရဲ႕ ေမြးေန႔အလႉအေနနဲ႔ “ေငြၾကာရံ” ေက်ာင္းတိုက္မွာ အရုဏ္ဆြမ္းဆပ္ကပ္လႉဒါန္းတဲ့ အလႉေလးျပဳလုပ္ခဲ့ပါတယ္။ သမီးေလးရဲ႕ ေမြးေန႔ေလးအတြက္ကိုလည္း “Happy Birthday ေမ့သမီးေလး ေအးခ်မ္း ၊ က်န္းမာ အသက္ရွည္ အနာမဲ့ပါေစ။ အရာရာကိုတတ္သိနားလည္ ယဥ္ေက်းလိမၼာစြာနဲ႔ ဘဝခရီးကို ေပ်ာ္႐ႊင္စြာေလွ်ာက္လွမ္းႏိုင္ပါေစ။ႂကြက္ကေလးေရ” ဆိုၿပီးေတာ့လည္း ေမြးေန႔ဆုမြန္ေကာင္းေတာင္းေပးထားခဲ့ပါေသးတယ္။

အရုဏ္ဆြမ္းကပ္လွဴဒါန္းခဲ့တဲ့ အလွဴပံုရိပ္ေလးေတြကိုလည္း လင္းဇာနည္ေဇာ္က သူ႕ရဲ႕လူမႈကြန္ရက္စာမ်က္နွာကေန မွ်ေဝေဖာ္ျပထားခဲ့ပါေသးတယ္။ CeleGabar ပရိသတ္ၾကီးေရ ျမဴလင္းကိုကိုေလးေတာင္ ေတာ္ေတာ္ေလးကို အရြယ္ေရာက္လာျပီး ေမေမလင္းဇာနည္ေဇာ္လိုပဲ အေခ်ာေလးတစ္ေယာက္ျဖစ္လာျပီေနာ္။

Source – Myu Lin Ko Ko
Chilli – CeleGabar