“နယုန်လပြည့်(မဟာသမယအခါတော်နေ့)မှာ ပကာသနတွေမပါဘဲ ကြည်နူးပီတိဖြစ်စရာ စတုဒီသာအလှူလေးကို လှူဒါန်းခဲ့တဲ့ အေးငြိမ်းဆွေ”

Posted on

CeleGabar ပရိသတ်ကြီးရေ အေးငြိမ်းဆွေကတော့ အလှအပရေးရာဆိုင်ရာတွေကိုသူမရဲ့ပရိသတ်တွေကို အမြဲဝေမျှပေးလေ့ရှိတဲ့သူပဲ ဖြစ်ပြီး Miss Myanmar International( 2015 ) ရဲ့ သရဖူကို ရရှိပိုင်ဆိုင်ခဲ့တဲ့ Miss တစ်ယောက် ပဲ ဖြစ်ပါတယ်။ လူကလည်း အပြစ်ပြောရက်စရာမရှိအောင်လှပတဲ့အပြင် စိတ်ထားလေးလည်းကောင်းမွန်လှတဲ့အေးငြိမ်းဆွေကတော့ အိမ်ထောင်ရေးမှာလည်း ပျိုမေတိုင်းအားကျရတဲ့ သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားသူပါ။

ဒီနေ့မှာတော့”ဒီနေ့ လပြည့်နေ့မှာ လူ ၃၅၀ အတွက် စတုဒီသာနဲ့ ငွေတစ်ထောင်စီအလှူလေး သန်လျင်မှာလှူဖြစ်ခဲ့ပါတယ်ရှင်ပုံလေးတွေတော့ အများကြီးမရိုက်ဖြစ်ခဲ့ပေမယ့် ပြုဖြစ်ခဲ့သောကုသိုလ်လေးတွေ မျှဝေလိုက်ပါတယ်နော် 😇”ဆိုကာ ပကာသနတွေမပါဘဲ ကြည်နူးပီတိဖြစ်စရာအလှူပုံရိပ်လေးတွေကိုတင်လာခဲ့တာပါ။


နယုန်လပြည့်(မဟာသမယအခါတော်နေ့)မှာ မွန်မြတ်လှတဲ့ ကုသိုလ်ရေးတွေပြုလုပ်ခဲ့တဲ့ အေးငြိမ်းဆွေရဲ့ အလှူကုသိုလ်အတွက် သာဓုခေါ်မုဒိတာပွားခဲ့ကြပါဦးCeleGabarပရိသတ်ကြီးရေ။

Koe-CeleGabar
Soure – AyeNyeinSwe
ZawgyiFontဖြင့်ဖတ်ရန်






Koe-CeleGabar
Soure – AyeNyeinSwe.